အပိုင်း - တစ်ဆယ်

372 35 18
                                    

#Unicode

နေ့လည်လောက်မှာတော့ အီသန်နိုးလာလေသည်။ထိုစဥ်မျက်လုံးဖွင့်ဖွင့်ခြင်း သူ့အား ခုံပေါ်ကနေထိုင်ကာ ကြည့်နေတဲ့ကိုကို့ကို မြင်လိုက်ရသည်။ ကိုကို့ရဲ့အကြည့်တွေက အေးစက်စက်....ဘာရယ်မဟုတ်စိုးရိမ်စိတ်ကလေးတော့ဝင်လာတော့၏။

သူနိုးလာတဲ့အထိ ဘာစကားမှမပြောဘဲစိုက်
ကြည့်နေတာသောကိုကို့ကြောင့် လက်ဖျားခြေဖျားတွေပါအေးသလိုခံစားလာရသည်။
အရင်ကလိုနွေးထွေးတဲ့အကြည့်တွေအစား အေးစက်စက်အကြည့်တွေကို သာရှောင်လွှဲနေမိသည်။

မကြည့်နဲ့ ကိုကို..ဘာအကြောင်းလည်းမသိပေ
မယ့်ကျနော့်ကိုအဲ့လိုမကြည့်ပါနဲ့လား။

တစ်ခဏအကြာမှာတော့ သက်ပြင်းချသံနှင့်အတူ ကိုကိုကစကားစလာသည်။

"မင်းမှာကိုယ့်ကိုတစ်ခုခုပြောစရာမရှိဘူးလား"

ထိုစကားကဘာကိုဆိုလိုတာလဲဆိုတာသူမသိ။ ကိုကို့ရဲ့ စကားသံကတော့ အေးဆေးဆိုပေမယ့် ကြောက်ရွံစရာကောင်းလှ၏။

"ဘာကိုလဲကိုကို..ကျနော့်မှာဘာမှပြောစရာမရှိပါဘူး"

သူ့စကားအဆုံး ကိုကိုကအနားကိုတဖြေးဖြေးလျှောက်လာသည်
သူ့မျက်လုံး တေွကိုသေချာစိိုက်ကြည့်လာကာ

"ကိုယ် နောက်ဆုံး အနေနဲ့ထပ်မေးမယ် ကိုယ့်ကိုပြောစရာစကား တကယ်မရှိဘူးလား"

"တကယ်မရှိပါဘူး ကိုကို..."

တောက်ခ့်!!

သူ့စကားသံအဆုံး တောက်ခ့်ခေါက်သံသည်
ကိုကို့ဆီမှကျယ်လောင်စွာထွက်ပေါ်လာသည်။
ထို့နောက် သူပုခုံးနှစ်ဖက်ကိုဆုပ်ကိုင်ကာ အတင်းလှုပ်ခါနေသော ကိုကို့ပုံစံကို သူတစ်ခါမှမမြင်ဖူးပါ... ​ဒေါသထွက်တယ်ဆိုတာမျိူးလည်းမရှိတာများသည်...ဒေါသထွက်လည်းဒီလိုအခြေအနေလောက်ထိကြောက်ဖို့မကောင်း...။

အင့်

"ကိုကိုနာတယ် အင့် ကျနော့်ကိုလွှတ်ပါ ကျနော်တို့ကောင်းကောင်းပြောကြမယ်လေနော်"

"ဘာလို့ငါတို့သားအမိကိုလိမ်ရတာလဲ"

ကိုကို့ရဲ့ စကားတစ်ခွန်း ​ေကြာင့် မယုံနိုင်စွာမော့ကြည့်မိတော့ သူ့ကိုမျက်ရည်တွေနဲ့ကြည့်နေလေသည်။မဟုတ်မှလွဲ

ကိုယ့်ရဲ့ 'အီသန်'Donde viven las historias. Descúbrelo ahora