အပိုင်း - ငါး

337 43 9
                                    

#Unicode

အီသန်...ဆိုသောနာမည်လေးကိုသူသဘောကျပါသည်။ ဘာလို့လဲမသိပေမယ့် အီသန်ဆိုသောနာမည်လေးက အေးချမ်းတယ်လို့ခံစားရတယ်။

==================================

ညစာစားပြီး အီသန်ဆိုသော ကောင်လေးကတော့ ဗိုက်တင်း သွားတာရယ် ပြီးတော့ ပင်ပန်းနေတာကြောင့်ရယ်နဲ့ ဆိုဖာ​ပေါ်တွင် လက်ကလေးနှစ်ဖက်ကိုပေါင်ကြားထဲထည့်ယှက်ကာ ​ပုစွန်ကွေးအိပ်ပျော်နေ၏။

ထိုပုံစံလေးကို သူ(မ) တို့သားအမိနှစ်​ယောက်
ကြည့်ပြီး မပြုံးဘဲမနေနိုင်ကြတော့။ သူ(မ)ထိုကလေးကို ခေါ်ထားရလို့နောင်တဆိုတာမရှိဘူး ချစ်စရာကောင်းတဲ့ကလေးတစ်ယောက်ကို ပို့ပေးတဲ့မိုးနတ်မင်းကိုဘဲကျေးဇူးတင်ရမည်။

"သား.. အီသန်လေးကို အိပ်ရာပေါ်မှာသွားသိပ်လိုက်အုန်း...အိုမားသာ အရင်လိုသွက်လက်နေအုန်းမယ်ဆို ကောက်ချီသွားလိုက်တယ်"

"ဟုတ်ကဲ့ပါဗျာ..အိုမားလည်းသွားအိပ်တော့လေ မနက်ကြစောစောထရအုန်းမှာမဟုတ်ဘူးလား"

"အေးဒါဆိုအိုမားသွားအိပ်ပြီ...အီသန်လေးနဲ့အတူအိပ်နော် ကလေးကိုဒီအတိုင်း ဆိုဖာပေါ်မှာမထားခဲ့နဲ့..မနက်ငါနိုးလာလို့မှ ဆိုဖာပေါ်မှာ ရှိနေရင် သေမယ်​"

ညအိပ်ခါနီးအထိ ပွစိပွစိပြောနေသော အိုမားကြောင့်ရယ်မိသည်။ အခုမှရောက်လာတဲ့ အီသန့်ကို သားအရင်းထက်သည်းသည်းလှုပ်ပြနေတာ မသိရင်ကိုယ်ကဘဲ သားမဟုတ်သလို။ သူတို့အိမ်မှာ အခန်းကနှစ်ခန်းဘဲရှိတာ။ အိမ်ကသိပ်မကြီးပေမယ့် သူ့နေရာနဲ့သူ နေရာအလုံအလောက်ရှိပါသည်။ ပစ္စည်းတွေကိုသပ်သပ်ရပ်ရပ်ထားတဲ့သူတို့သားအမိနှစ်ယောက်ကြောင့် အိမ်ကရှုပ်ပွမနေဘဲ နေချင်စဖွယ်လေးဖြစ်လို့နေ၏။

​ဆိုဖာပေါ်မှာ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေတဲ့ အီသန့်ကို ခါးအောက်ကနေလက်လျှိုဝင်ကာ မချီလိုက်တော့ အင်းအဲ အသံပြုကာ ရင်ခွင်ထဲကြောင်လေးသဖွယ် ခေါင်းတိုးလာရင်းပြန်အိပ်ပျော်သွားသည်။ ထိုပုံစံလေးကြောင့် ဆောင်းဟွန်းအသည်းယားပြီး အသံထွက်ရယ်မိတော့သည်။ ဘာလေးလဲကွာ ကြာလာရင်ကိုက်စားမိတော့မှာပဲ။

ကိုယ့်ရဲ့ 'အီသန်'Donde viven las historias. Descúbrelo ahora