အကုန်လုံးကမယုံနိုင်သလို မျက်လုံးပြူးကုန်ကြသည်။
လော့ရှန်းသူငယ်ချင်းတွေနဲ့ သူ့ဘေးကလူတွေကတော့ ဆွံအသွားကုန်၏။
လော့ရှန်းကိုသိတဲ့လူတစ်ချို့ကတော့ ဒီလူက အရည်အချင်းရှိတဲ့လူဆိုတာသိကြသည်။ လော့မိသားစုက Aမြိုရဲ့ သက်တမ်းအရင့်ဆုံးနဲ့အလေးစားခံရဆုံးမိသားစုပင်။ အောက်ခြေကတက်လာတဲ့ ပိုင်မိသားစုနဲ့ယှဉ်ရင် တည်ထောင်တာကြာပြီဖြစ်တဲ့ လော့မိသားစုကပိုကြီးပြီး ပိုနောက်ခံကောင်းသည်။ တရုတ်ပြည်သူ့သမ္မတနိုင်ငံကြီးစတင်ထဲက အခုချိန်ထိပဲ။
လော့ရှန်းက လက်ရှိလော့မိသားစုခေါင်းဆောင်ရဲ့ တစ်ဦးထဲသောသားပင်။
ကလေးဘဝထဲက လူအိုကြီးလော့နဲ့သူ့မိန်းမတို့က သူ့ကို ကောင်းကင်ထိရောက်အောင် အလိုလိုက်ပေးခဲ့၏။ သူ့အဖေရဲ့တင်းကျပ်တဲ့အမူအယာကြောင့်လည်း သူတို့မိသားစုမှာ အဖေရယ် အမေရယ် သားဖြစ်သူရယ် မိသားစုဝင်သုံးယောက်ပဲရှိသည်။ သူတို့ရဲ့ကလေးကိုအလိုလိုက်အလေးပေးမှုတွေက အဆုံးမရှိအောင်ပဲ။ သူတို့တွေးမိတာတစ်ခုထဲက ဘယ်လိုပံ့ပိုးရမလဲဖြစ်ပြီး အဲ့တာကပဲ ကလေးကို ဥပဒေမဲ့ဆိုးသွမ်းစေခဲ့သည်။
အသက်ကြီးလာတာတောင် သူက လူကောင်းမဖြစ်လာတဲ့အပြင် အလိုလိုက်ခံထားရတာကြောင့် လောင်းကစားဝိုင်းထဲ လက်ရောက်လိုက်၊ ဆေးပြိုင်သုံးလိုက်၊ အရက်သောက်လိုက်၊ ဟိုဟိုဒီဒီရန်ပတ်ဖြစ်လိုက်နဲ့ ဆိုးသွမ်းလူငယ်အဖြစ်နဲ့ ကျော်ကြားလာခဲ့သည်။
ဆန့်ကျင်ဘက်အနေနဲ့ လော့ရှန်းဒုတိယဦးလေးရဲ့သား၊ သူ့ဝမ်းကွဲက ထက်မြတ်တဲ့ သင်ကြားပေးခံလေးဖြစ်လာသည်။ သူတို့က စည်းမျဉ်းအတိုင်းပဲ ဆောင်ရွက်ကြတာကြောင့် လော့ရှန်းက လော့မိသားစုကို ဆက်ခံနိုင်မှာမဟုတ်လောက်ဘူး။
လွန်ခဲ့တဲ့သုံးနှစ်တုန်းက မစ္စတာလော့က လော့ရှန်းရဲ့ ကားပြိုင်ပွဲမတော်တဆမှုကြောင့် အရမ်းစိတ်ဆိုးသွားခဲ့သည်။ သူက သူ့သားနှင့် သဘောတူညီချက်လုပ်ပြီး နိုင်ငံခြားကို စာသင်ဖို့ လွှတ်လိုက်တယ်။ လက်ရှိမှာတော့ သူက စာသင်ပြီး ပြန်ရောက်ခါစပင်။
YOU ARE READING
ဖေဖေဖြစ်ရတာပျော်နေတဲ့ ဗီလိန်ကြီး
Aléatoire'A' မြို့မှာရှိတဲ့ ပိုင်group ရဲ့ဥက္ကဠနှင့်ဇနီးက လေယာဉ်ပျက်ကျမှုမှာ သေသွားပြီး 3နှစ်အရွယ် ကလေးလေးကို အမွေတွေ တစ်ပုံတစ်ပင်နဲ့ချန်ထားခဲ့တယ်။ ဆွေမျိုးတွေကလည်း ကလေးလေးကိုလှည့်စားပြီး အမွေထိန်းချုပ်ခွင့်ရဖို့ကြိုးစားကြနေကြတယ်။ ဘယ်သူထင်မှာလဲ!! 10 billion...