ချမ်းသာတဲ့ဒုတိယမျိုးဆက်ဖေဖေကြီး Arc - 1.4 [U]

964 140 7
                                    

လော့ရှန်းက ဖိနပ်ကိုချွတ်လိုက်သည်။ သူ့ရဲ့အပြာရောင်စလစ်ပါဘေးမှာရှိနေတဲ့ သေးငယ်ပြီးချစ်စရာကောင်းတဲ့ ပန်းရောင်ဖိနပ်လေးကိုမြင်တော့ အနည်းငယ် တုန့်‌ဆိုင်းသွားသေး၏။

ဧည့်ခန်းထဲမဝင်ခင်မှာတင် ပန်းရောင်အရိပ်ကလေးက သူ့ဆီပြေးဝင်လာတာ‌ကို တွေ့လိုက်ရသည်။ သူမရဲ့ခြေထောက်တိုတိုလေးတစ်စုံက ပြိုင်ကားဘီးတွေလိုပဲ လျှင်မြန်စွာရွေ့လျားလာပြီး သူ့ပေါင်ကိုလာဖက်၏။

အခုတော့ ဖက်ထုပ်လုံးလေးတစ်ခုက သူ့ခြေထောက်မှာ တွယ်ကပ်နေပြီး သူမမျက်နှာမှာတော့ စိတ်လှုပ်ရှားမှုတွေနဲ့ပြည့်နေ၏။ သူမခေါင်းလေးကို မော့ကာ စိတ်လှုပ်ရှားစွာနဲ့ "ဖေဖေ!! နောက်ဆုံးတော့ ပြန်လာပြီပေါ့!"

ကလေးမလေးက အရမ်းပျော်နေပုံရပြီး သူမပါးစပ်သေးသေးလေးကလည်း ရေပက်မဝင်စကားတွေပြောနေလေသည်။ ဖေဖေ့အိမ်ရှေ့မှာ မနက်ထဲက လာစောင့်နေရကြောင်း၊ သူမကိုအိမ်ထဲပေးဝင်တာက အန်ကယ်ကြီးဖြစ်ကြောင်း စသဖြင့်။

လော့ရှန်းက နားထောင်နေခဲ့ပေမယ့် သူကလည်း စိတ်ရှည်တဲ့လူတစ်ယောက်ဟုတ်မနေဘူး။

သူ့လက်ကြီးကြီးတွေက ကလေးမလေးကို ဖမ်းကိုင်ထားသည်မှာ တအားတက်ကြွလွန်းနေတဲ့ ဒီစိတ်ရှုပ်စရာ အသေးလေးကို သူ့ခြေထောက်ကနေ အားသုံးဖယ်ချ‌ချင်နေတဲ့အတိုင်းပဲ။ ယင်ယင်ကလည်း ကမ္ဘာပေါ်မှာ ဘယ်သူ့ကိုမှ ဂရုမစိုက်တော့သလိုမျိုး သူ့ခြေထောက်တွေကိုဖက်တွယ်ထားသည်။ ပြီးတာနဲ့ သူမက သူမနစ်နာချက်လေးကို ဖော်ပြတဲ့အနေနဲ့ "ဖေဖေက အရမ်းဆိုးတာပဲ... မီးမီးက အကြာကြီး စောင့်နေခဲ့ရတာ!"

သူမကို သူ့ခြေထောက်ကနေ ဖယ်ထုတ်ဖို့ အချိန်အတော်ယူလိုက်ရပြီးနောက် သူမလေးက သူ့နား ပတ်ချာလှည့်ကာ "အဲ့တာက အရမ်းအကြာကြီးနော်!"

လော့ရှန်း: "...."

သူမလေးက အရမ်းစိတ်လှုပ်ရှားနေတော့ လက်ကို မတော်တဆလွှတ်မိသွားပြီး သူမဖေဖေကို လွတ်သွားစေသည်။ အဲ့တော့မှ သူ့နောက် အသည်းအသန်ပြေးလိုက်ရင်း "ဖေဖေ... မီးမီးကို စောင့်ပါဦး!"

ဖေဖေဖြစ်ရတာပျော်နေတဲ့ ဗီလိန်ကြီးWhere stories live. Discover now