ဇွန်လအချိန်အခါသမယမှာ မိုးတွေရွာပြီးနောက် ကောင်းကင်ကြီးက ကြည်လင်တောက်ပနေသည်။
Aမြို့ရဲ့ နာမည်ကြီး ပိုင်အိမ်တော်လင်မယားရဲ့ အသုဘအခမ်းအနားက အခုလေးတင်ပြီးသွားခဲ့ပြီး အဖြူရောင်စံအိမ်ကြီးမှာလည်း ရှုပ်ထွေးလျက်ရှိနေသည်။
အစေခံတွေကတော့ အရှုပ်အထွေးတွေကြား ဝင်ပါရမှာကြောက်တာနဲ့ ဘေးလွတ်ရာရှောင်ရှားနေကြ၏။
လူအနည်းငယ်က လေသံတိုးတိုးလေးနဲ့ ဧည့်ခန်းထဲဆွေးနွေးနေကြသည်။ အနက်ရောင်ဝတ်စုံဝတ်ထားကြတဲ့ ယောက်ျား၊မိန်းမတစ်စုက စိတ်မထိန်းနိုင်တော့ပဲ ကလေးကိုမွေးစားရင် ရလာနိုင်မယ့် မီလီယမ်ထောင်ချီတဲ့အမွေအကြောင်း ထုတ်ပြောလာကြတယ်။
"ငါက ဒုတိယဦးလေးပဲ.... အခုနောက်ပိုင်းလည်း ငါတို့တွေ အရမ်းရင်းနှီးခဲ့ကြတာ။ ကလေးအုပ်ထိန်းခွင့်ကို ငါပဲရသင့်တယ်"
မျက်ခုံးထူကြီးနဲ့ ရက်စက်တဲ့အကြည့်တွေရှိတဲ့ သက်လတ်ပိုင်းအရွယ်လူကြီးက အလျှင်စလို ကြေညာလာသည်။
အဲ့တာက ပိုင်မိသားစုရဲ့သားကြီးဖြစ်ပြီး၊ သူ့သက်တမ်း 40ကျော်မှ ဒီရွှေလက်မှတ်ကလေးကို ရဖို့အခွင့်အရေးရှိလာတာလေ။
သူ့ပါးစပ်ဖွင့်တာနဲ့ တစ်ခြားနှစ်ယောက်ကလည်း ဝင်ပြောလာသည် "ငါတို့လည်း ယင်ယင်ရဲ့ ဦးလေးတွေပဲ... ဘဝရဲ့ကောင်းခြင်း၊ဆိုးခြင်းတွေကြားမှာ ငါက သူမနဲ့ဘယ်လောက်ရင်းနှီးလဲဆိုတာ မင်းမမြင်ဘူးလား?"
မစ္စတာပိုင်မှာ ညီအစ်ကိုတွေရှိတာမဟုတ်ဘူး။ သူတို့အကုန်လုံးက ဝမ်းကွဲတော်စပ်တဲ့သူတွေပဲ။ အပေါ်ကတစ်ယောက်ပြောပြီးတာနဲ့ ကျန်နှစ်ယောက်ကလည်း "ငါတို့လည်း သူ့ဦးလေးတွေပဲ။ ပြဿနာ သေးသေးကြီးကြီး ငါတို့က ရင်းနှီးတဲ့သူငယ်ချင်းတွေ"
သူတို့အချင်းချင်းပဲ ငြင်းခုံနေကြပြီး ဘယ်သူကမှ သူမကို ဘယ်သူ့ဆီမှာ မွေးစားခံချင်လည်း လာမမေးကြဘူး။
ပိုင်မိသားစုရဲ့မြေတွေ၊ ဒေါ်လာဘီလီယမ်ထောင်ချီတဲ့ ပိုင်ဆိုင်မှုတွေရှိတဲ့ ဒီရွှေရောင်အရုပ်ကလေးကို အကုန်လုံးက ပြုစုပျိုးထောင်ချင်နေကြသည်။
YOU ARE READING
ဖေဖေဖြစ်ရတာပျော်နေတဲ့ ဗီလိန်ကြီး
Acak'A' မြို့မှာရှိတဲ့ ပိုင်group ရဲ့ဥက္ကဠနှင့်ဇနီးက လေယာဉ်ပျက်ကျမှုမှာ သေသွားပြီး 3နှစ်အရွယ် ကလေးလေးကို အမွေတွေ တစ်ပုံတစ်ပင်နဲ့ချန်ထားခဲ့တယ်။ ဆွေမျိုးတွေကလည်း ကလေးလေးကိုလှည့်စားပြီး အမွေထိန်းချုပ်ခွင့်ရဖို့ကြိုးစားကြနေကြတယ်။ ဘယ်သူထင်မှာလဲ!! 10 billion...