part 4

525 66 5
                                    

ကျတော်ရဲ့ ဟိုလေးကသိပ်ချစ်ဖို့ကောင်းတာပဲ
မျက်နှာလေးဆူပုတ်နေတာ
စိတ်တိုနေတာကအစ

ကျတော်စောင့်နေတာကြာနေပြီလို့ထင်မိတယ်အချိန်ခဏလေးကို ကျတော်ဟိုလေးကိုတွေ့ချင်မိတော့အပေါ်ထပ်ကိုတပ်သွားလိုက်မိသည်
ကြားလိုက်ရတဲ့စကားသံကကျတော်ရင်ကိုဆောင့်ကန်လိုက်သလိုပဲ ဘလောက်ထိလဲဆိုတော့
ထောင်နေတဲ့မေးကြောတွေကသက်သေ

"JUNG HOSEOK!!
မင်းဒါဘာအချိုးချိုးတာလဲ"

ဟိန်းထွက်လာသောသူ့အသံကြောင့်ကိုင်ထားသောဖုန်းလေးပါလွတ်ကျသွားသည်

"မင်းကိုငါမပြောဘူးလားမင်းကငါနဲ့လက်ထပ်ရမဲ့သူ့လို့"

ကျတော့်ပုခုံးကိုတင်းတင်းကိုင်ကာမေးလာသောသူကြောင့် ကျတော်ကြောက်နေမိသည်
ထို့နောက်ကျနေသောဖုန်းကိုကိုင်ကာနံရံဘက်သို့ပစ်ပေါက်​လိုက်သောသူ

"မင်းနောက်အခါလုံးဝဖုန်းမဆက်ရဘူး
မင်းအချိုးကိုပြင်ထားနော်
နောက်တခါဆိုရင်အဲ့ကောင်ကိုငါသတ်မိမှာ"

"တောက်!!!"

တံခါးကိုဆောင့်ပိတ်ကာထွက်သွားသောထယ်ယောင်း

ကျတော်ခြေထောက်တွေဟာမခိုင်တော့ပဲကြမ်းပြင်ပေါ်ခွေကျသွားသည်
ထို့နော​က်မျက်ရည်များဟာအတားအဆီးမဲ့စွာကျဆင်းလာတော့သည်

တဖက်ကထယ်ယောင်းမှာတော့သူ့အခန်းထဲက ပစ္စည်း တွေကိုစိတ်ရှိတိုင်းပစ်ခွဲနေတော့သည်

"ဘာလို့လဲ!!
မင်းချစ်တဲ့သူဟာငါပဲဖြစ်ရမယ်
ငါဆိုတဲ့ထယ်ယောင်းကိုပဲမင်းသေတဲ့အထိချစ်ရမယ်
နောက်တယောက်ရှိလာခဲ့ရင်အဲ့လူကိုငါသတ်မယ်
အား..."

. . . . . . . . . . . . . . . . . . . . . . .

ညရောက်တော့ကျတော်ဟိုလေးအခန်းဆီသွားမိတော့ကုတင်ထောင့်လေးမှာထိုင်ငိုနေတဲ့ကောင်လေး

"ဟိုလေး.."

ကျတော်ခေါ်လိုက်တော့တုန်တတ်သွားတဲ့ ကိုယ်ငယ်လေးကိုကုတင်ပေါ်တတ်ကာနောက်ကနေသိုင်းဖတ်ထားလိုက်သည်

"မနက်ကယောင်းလွန်သွားလို့တောင်းပန်ပါတယ်နော် ယောင်းကစိတ်ဆတ်တတ်တော့နောက်ခါအဲ့လိုမလုပ်ရဘူးနော်.."

my lovely presentWhere stories live. Discover now