Unicode,
Z is for ဇာတ်သိမ်းပိုင်း
- အပိုင်းတစ် ဇာတ်သိမ်းပိုင်း -"Jeon Jungkook က မင်းအတွက်ဘာလဲ"
ထိုမေးခွန်းကို ချက်ချင်း မဖြေပဲ သူ့နှုတ်ခမ်းဖူးလေးက နှစ်ခြိုက်စွာ ပြုံးလိုက်သေး၏။
"ညီလေး"
ဟုတ်ပါတယ်...။ ဒီကန့်သတ်နယ်မြေအတွက် သူတပ်ထားတဲ့ နာမည်က 'ညီလေး' တဲ့....။
Z.O.N.E - Z
"Jeon Jungkook နိူးပြီလား ထတော့ဟေ့"
အိမ်အောက်ထပ်က အော်သံစူးစူးလေးကြောင့် Jungkook နိူးထနေပြီပေမယ့် စောင်ကို ခေါင်းထိ ဆွဲခြုံလိုက်သည်။
"တက္ကသိုလ်ကျောင်းသားကြီး အိပ်ရာထပါတော့ဗျာ"
အခန်းတံခါးကို တဒုန်းဒုန်း ထုရိုက်ရင်း ချိုအီအီ အသံလေးဖြင့် ခပ်ချွဲချွဲလေး အိပ်ရာ နိူးနေသည့် ချစ်လှစွာသော Hyung။
"မင်း တမင်ပေအိပ်နေတာ ငါသိတယ်နော်.. ထတော့"
Jungkook ဘာမှပြန်မဖြေမိပါ။ ခြုံထားတဲ့ စောင်လေး အောက်ကနေသာ တိတ်ဆိတ်စွာ အတွေး များနေမိသည်။ ဒီ Hyung သူ့ကို စိတ်ဆိုးနေတယ် ဆိုတာ တကယ် မသိတာလား။ မသိချင်ယောင် ဆောင်နေတာလား။
အခန်းအပြင်ဘက်မှ အသံလေး ပြန်လည်တိတ်ဆိတ် သွားသည်မို့ သက်ပြင်းလေး ချကာ ခြုံထားသော စောင်လေး ပြန်ဖယ်လိုက်သည်။ လဲလျောင်းနေရာမှ ထထိုင်လိုက်ပြီး ဖုန်းလေးထုတ် ကာ ဂိမ်းဆော့နေလိုက်၏။
"မိပြီ"
ရုတ်တရပ် အခန်းတံခါးဖွင့်ကာ ဝင်လာပြီး ကျေနပ်စွာ ပြုံးနေသည့် အစ်ကိုကြောင့် Jungkook မကျေနပ်သလို ကြည့်လိုက်မိသည်။ Hyung ကတော့ ကျေနပ်နေသလို လက်ထဲက Jungkook အခန်းသော့လေးကို ဝှေ့ယမ်းဆော့ကစားလျက်။
"မင်း ငါ့အပေါ် အဲ့လို လုပ်လို့မရဘူးလေ.. ငါ Park Jimin ပါ မင်းထက် နှစ် နှစ်စောပြီး လူ့လောကထဲ ရောက်လာတာ"
YOU ARE READING
Z.O.N.E
Fanfiction(Unicode + Zawgyi) Unicode, နှင်းပန်းလေးတွေက ညနေစောင်းမှာ ပိုမွှေးတတ်ကြတယ်တဲ့... သံသယ ဖြစ်စရာ မရှိပါဘူး။ ညနေစောင်းတိုင်း ဒီ Hyung ကို မြင်နေရလို့နေမှာပေါ့။ Zawgyi, နှင်းပန်းလေးတွေက ညနေစောင်းမှာ ပိုမွှေးတတ်ကြတယ်တဲ့... သံသယ ဖြစ်စရာ မရှိပါဘူး။ ညနေစောင်...