E

3.7K 499 46
                                    

Unicode,

E is for Ending
- ကျွန်တော့်ဇာတ်လမ်းကို Happy Ending ဖြစ်စေချင်ရုံလေးပါ -

"ဘယ်လိုဖြစ်ပြီး Minwoo နဲ့ ရန်ဖြစ်ရတာလဲ Jeon Jungkook ရာ"

မျက်နှာထက်က ကျန်ခဲ့သည့် ဒဏ်ရာသေးသေးလေးအား ဆေးလိမ်းပေးနေရင်း ပြောလိုက်သည့် Jimin ရဲ့ ဆူငေါက်သံကြောင့် Jungkook ခေါင်းသာ ငုံ့ထားမိသည်။ အပြန်အလှန် ထိုးကြကြိတ်ကြ ဖြစ်နေစဉ် အစောင့်တွေရောက်လာပြီး Jimin တို့လည်း ရောက်လာသည်မို့ ထိုပွဲက ထိုမျှဖြင့် အဆုံးသတ်သွားခဲ့သည်။ ရုပ်ရှင်က မပြီးသေးပေမယ့် သူတို့အုပ်စုအကုန် ဘယ်သူမှ ရုပ်ရှင်ရုံထဲ ပြန်မဝင်ကြတော့ပါ။ Jimin သူငယ်ချင်းများက Minwoo နဲ့ ပြန်သွားကြပြီး ရုပ်ရှင်ရုံရှေ့ ခုံလေးမှာ Jimin နှင့် Jungkook သာ ကျန်ရစ်ခဲ့သည်။

"ငယ်ငယ်ကတောင် ရန်မဖြစ်ဘူးပဲနဲ့ ဘယ်လိုဖြစ်ပြီး ထိုးကြိတ်ရတာလဲ မင်း လူမိုက်လား၊ ဂန်းစတားလား"

Jungkook ဘာမှပြန်မဖြေမိပါ။ ကျွန်တော် ဘယ်လိုဖြေနိုင်မှာလဲ။ အချစ်ရဲ့ လူမိုက်ပါ ဖြေရမှာလား။

"ဘယ်လိုဖြစ်ပြီး ရန်ဖြစ်ကြတာလဲ ငါ့ကို ပြော"

Jimin က ဒဏ်ရာကို ဆေးထည့်ပြီးပြီမို့ Jungkook လက်နှစ်ဖက်လုံးကိုင်ကာ မျက်လုံး တည့်တည့် ကြည့်၍ မေးလာသည်။ စိုးရိမ်နေကြောင်း အထင်းသား မြင်ရတဲ့ မျက်ဝန်းတွေ ကြောင့် Jungkook ခေါင်းသာ ငုံ့ထားလိုက်သည်။

"တောင်းပန်ပါတယ် Hyung"

တိုးတိုးလေး ခေါင်းငုံ့ရင်း ဖြေလိုက်တဲ့ Jungkook အဖြေအပေါ်  Jimin က အလိုကျပုံ မပေါ်ပါ။ စိတ်မရှည်သလို အသံဖြင့်

"မဟုတ်ဘူးလေ ငါ့ကို ဘာတောင်းပန်စရာလိုလို့လဲ၊ ငါကမင်းကို စိတ်ပူလို့ မေးတာကို ဘယ်ကစပြီး ပြသနာ ဖြစ်ကြတာလဲပဲ ငါ့ကို ပြောစမ်းပါကွာ"

Jungkook ဘာမှဆက်မဖြေမိပါ။ ဖြေစရာ အဖြေ စဉ်းစားနေလို့လည်း ဖြစ်နိုင်ပါသည်။ ရုပ်ရှင်လည်း မပြီးသေးသည့်အချိန်မို့ ရုပ်ရှင်ရုံထဲ လူမရှိသလို သည်းထန်စွာရွာနေသည့် မိုးကြောင့် ရုပ်ရှင်ရုံ အပြင်မှာလည်း လူမရှိ။ တိတ်ဆိတ်သွားသော သူတို့နှစ်ယောက်ကြား မှာ မိုးပေါက်သံက လွှမ်းမိုး နေလေသည်။

Z.O.N.EWhere stories live. Discover now