N

2.3K 401 21
                                    

Unicode,

N is for Nickname
- နှင်းပန်းစောင့်နတ် -

"သန်ဘက်ခါကျရင် ငါ့သူငယ်ချင်းတွေနဲ့ အတန်းလစ်ပြီး ရုပ်ရှင်သွားကြည့်မှာ လိုက်မယ် မလား"

Jungkook တို့အိမ်ရဲ့ ဝရန်တာလေးထက် ပန်းချီဆွဲနေသော Jungkook ဘေး Jimin က ဖုန်းသုံးကာ snack မုန့်တစ်မျိုးကို ဝါးရင်း အဖြေကို သေချာသိနေသလို ပြောလေသည်။ Jungkook သက်ပြင်း တစ်ချက် ခိုးချရင်း ပုံဆွဲမပျက် ခေါင်းခါပြလိုက်၏။

"မလိုက်တော့ပါဘူး.. တွဲလောင်းလေး လို့ ခေါ်ခံထားရတာ ဘယ်လောက်ရှိသေး လို့လဲ"

"ဝါး... မင်းက အဲ့လိုလေး စလိုက်တာကို စိတ်ထဲ မှတ်ထားတာလား Jeon Jungkook က ကြောက်ဖို့ကောင်းလိုက်တာ"

လက်ထဲက မုန့်ကို ဘေးချလိုက်ရင်း ခါးထောက်ကာ ဆူသလို ပြောသည့် Jimin ကြောင့် Jungkook ပြုံးမိသွားသည်။ Jimin က ပုံဆွဲနေသော သူ့အနားကပ်လာ၏။

"ထပ်ပြီး နှင်းပန်းပုံ ဆွဲနေပြန်တာလား"

Jungkook မဖြေပေမယ့် Jimin ကတော့ စာရွက်လေးထက် သူ့ဟာသူ ကြည့်ကာ အဖြေကို မြင်သွားသည်မို့ ခေါင်းခါလေသည်။

"Jeon Jungkook အစွဲအလမ်းကြီးတာကြီးက ကြောက်ဖို့ကောင်းလိုက်တာ သုံးနှစ် လေးနှစ်လောက် ဒီနှင်းပန်းပုံကို ညနေစောင်းတိုင်းဆွဲတယ်.. အား တွေးရင်းနဲ့တောင် ကြောက်လာပြီ အရင်ဘဝက နှင်းပန်းစောင့်နတ်တွေ ဘာတွေများ ဖြစ်ခဲ့သလား"

Jimin ရဲ့ ရှုံ့မဲ့နေသည့် မျက်နှာထားနဲ့ cringe နေသလို အမူအရာကြောင့် Jungkook ခိုးကြည့်ရင်း ပြုံးလိုက်မိသည်။ Hyung ပါးလေးတွေက ဖောင်းဖောင်းလေးတွေ ဆိုပေမယ့် ကျွန်တော်တို့ စသိတုန်းကလို ပါးကစ်ကစ်လေး ဖြစ်မနေတော့ပါ။ ဆယ်ကျော်သက် အရွယ်ကို ကျော်လွန်ခဲ့ လို့လား မသိပေမယ့် မေးရိုးပိုပေါ်လာပြီး ယောက်ျားဆန်ဆန် ခန့်ညားမှုနဲ့ နူးညံ့လှပမှုက တစ်ပြိုင်နက် အတူတူ တည်ရှိနေလေသည်။ ထူးဆန်းလွန်းတယ်မလား။ ယောက်ျားလေးတစ်ယောက်က ခန့်ညားမှု နဲ့ လှပမှု အတူရှိနေတယ်တဲ့လေ။ ဒါပေမယ့်လည်း ကျွန်တော် ချစ်တယ်။ ငယ်ငယ်ကလို ပန်းနုရောင် နှင်းပန်းဖူးဖူးလေးကိုလည်း ချစ်သလို၊ တင့်တယ်ကျော့ရှင်းစွာ ပွ့င်လန်းလာတဲ့ နှင်းပန်းလေးကိုလည်း ချစ်တယ်။

Z.O.N.EWhere stories live. Discover now