Unicode,
O is for Omixochitl
- ဒီအတိုင်းလေးသာ ရနံ့ ထုံသင်းပေးပါ -"မနေ့ညက ဘာလို့ အစောကြီး ပြန်သွားတာလဲ"
အတိတ်ဆီ အလည်သွားနေသည်မို့ ပစ္စုပ္ပန်က အမေဖျော်ပေးသည့် ကော်ဖီခွက်လေးဟာ အေးစက် နေလေပြီ။ Jimin မေးခွန်းကို Jungkook က မဖြေပဲ အမေ့လက်ရာ မနက်စာ ပေါင်မုန့်ကြော်ကိုသာ ယူဝါးနေလိုက်သည်။
"အန်တီတွေ့တယ်မလား Jeon Jungkook တက္ကသိုလ်ရောက်မှ ကျွန်တော့်ကို မခေါ်ချင် သလို မပြောချင်သလိုတွေ လုပ်နေတာ"
ပေါင်မုန့်ကြက်ဥကြော်နေသည့် အမေက Jimin စကားကြောင့် ဘာမှမဖြေပဲ ရယ်လေ၏။ အမေ့အတွက်လည်း ရိုးကောင်း ရိုးနေနိုင်သည်။ Jimin Hyung က အကြီးပေမယ့် သူ ကျွန်တော့် အပေါ် အလိုမကျတာရှိတိုင်း ကျွန်တော့်အမေဆီ လာလာတိုင်တတ်၏။ အနည်းဆုံး သူကမှ ကျွန်တော့်ကို အလိုမကျရင် အမေနဲ့ တိုင်လို့ရသေး။ ကျွန်တော့်မှာတော့ သူ အတင်းညီလေး လုပ်နေတာကို တိုင်စရာမဲ့လို့..။
"Jimin လေးရော ပေါင်မုန့်ကြက်ဥကြော် စားမယ်မလား"
"စားရမှာပေါ့.. အန်တီက ကျွန်တော့်အတွက် အပင်ပန်းခံပြီး ကြော်ပေးနေတာကို"
Jimin အဖြေကြောင့် Jungkook အမေ မျက်နှာက သိသိသာသာ ကျေနပ်သွားသလို ပြုံးသွားလေသည်။ Jimin Hyung က အဲ့လိုလူပါ။ လိုက်လျောညီထွေလည်း နေတတ်တယ်။ စိတ်ထားလည်းကောင်းပြီး လူတိုင်းအပေါ် ကောင်းကောင်း ဆက်ဆံပေးတတ်တယ်။ ပြီးတော့ ကြင်နာတတ်တယ်။ သူ့ပတ်ဝန်းကျင်မှာ ရှိတဲ့သူတွေ အကုန်လုံးကို သူ့ရနံ့မွှေးမွှေးလေး ပျံ့လွင့် ပေးတယ်လေ။ နှင်းပန်းလေးတွေလိုပေါ့။ နှင်းပန်းလေးတွေက သူတို့ပတ်ဝန်းကျင် ဆယ်မီတာ အကွာအဝေးအထိ မွှေးရနံ့တွေ ပေးနိုင်တယ်တဲ့လေ။
အဲ့တာတွေကြောင့်ပဲ ကျွန်တော်ပိုပြီး ဖွင့်မပြောရဲတာ ဖြစ်မယ်။ ဒီ နှင်းပန်းလေးကို ကျွန်တော် မပိုင်သလို ကျွန်တော် ခံစားနေမိတဲ့ မွှေးရနံ့က ကျွန်တော့်တစ်ယောက်တည်း အတွက် သီးသန့် ဖြစ်တည်မှုမှ မဟုတ်တာ။
YOU ARE READING
Z.O.N.E
Fanfiction(Unicode + Zawgyi) Unicode, နှင်းပန်းလေးတွေက ညနေစောင်းမှာ ပိုမွှေးတတ်ကြတယ်တဲ့... သံသယ ဖြစ်စရာ မရှိပါဘူး။ ညနေစောင်းတိုင်း ဒီ Hyung ကို မြင်နေရလို့နေမှာပေါ့။ Zawgyi, နှင်းပန်းလေးတွေက ညနေစောင်းမှာ ပိုမွှေးတတ်ကြတယ်တဲ့... သံသယ ဖြစ်စရာ မရှိပါဘူး။ ညနေစောင်...