မဟာတို့နှစ်ယောက် စေ့စပ်ပွဲ ပြီးပြီး တစ်ပတ်လောက်ကြာသည့်တိုင်အောင် သူတို့နှစ်ယောက်၏ သတင်းသည် တိုလင်တစ်နိုင်ငံလုံး၏ Website တွင် No.1 နေရာတွင် Trend ဖြစ်ခဲ့၏။တိုလင်နိုင်ငံတွင် ရှိသော လူဦးရေမှာ 5.2 Billionထိရှိပြီး ထိုထဲက 95%မှာ LGBTQ အသိုင်းအဝန်းကို ထောက်ခံတဲ့သူများ ဖြစ်၏။ထိုထဲမှ လူငယ်အများစု အင်း တစ်နည်းအားဖြင့် မိန်းကလေးအများစုသည် LGBTQ ကို ထောက်ခံမှုနှုန်း ပိုများလေသည်။
****
At Class A :အတန်းထဲတွင် အကုန်လုံး ငြိမ်သက်နေ၏။အကြောင်းအရင်းမှာမူ ရှေ့တွင် ရုတ်တရတ်ရောက်နေသော လူကြောင့်ပေ။ထိုသူသည် L.k တက္ကသိုလ်၏ စည်းကမ်း အကြီးဆုံး ပါချုပ် ဖြစ်နေတာကြောင့်ပင်။အတန်းတက်တဲ့ အချိန်ရောက်တော့ ဘာမှ မပြောဘဲ အတန်းထဲ ရောက်လာကာ တစ်ယောက်ပြီး တစ်ယောက်အား စာမေးနေသောကြောင့်ပေ။
"ခွန်းအလင်္ကာမှူး ထ"
"ဟုတ်"
"စာမျက်နှာ 58 ရဲ့ သုံးပိုဒ်မြောက်မှာ ဘာအကြောင်း ပြောထားလဲ "
ပါချုပ် က ပြောပြခိုင်းတော့ သူလည်း အသေးစိတ် အကုန်လုံးအား ပြောပြလိုက်သည်။သူ၏ အဖြေအား ဆရာက သဘောကျစွာ တုန့်ပြန့်၏။
"အင်း တော်တယ် ထိုင်တော့!"
"ပြီးတော့ စဝ်ဈာန်မင်းမဟာမြတ် "
"ဟုတ် "
"ခွန်းအလင်္ကာမှူး ရှင်းပြတဲ့ အပိုဒ်ပြီး နောက်တစ်ပိုဒ်ကို ရှင်းပြ!"
မဟာ ပါချုပ် ပြောတဲ့နေရာအား ဟာကွက် မရှိအောင် ပြောပြလိုက်တော့
"ok ရပြီ "
"ဟုတ်"
ပါချုပ်ကြီးက စကားဆက်ပြောသည်။
"မကြာခင် အရည်အချင်းစစ် စာမေးပွဲ ရှိတယ် "
"ဟုတ်!"
"အရင်နှစ်က ငါတို့တက္ကသိုလ်က အမှတ်အများဆုံး ရတယ် ဆိုပြီး သတင်းစာ တိုင်းမှာ ဖော်ပြခြင်း ခံရတယ်!"
"..."
ပါချုပ်တစ်ယောက် ငြိမ်သက်နေသော ကျောင်းသားများအား တစ်ချက်ဝှေ့ကြည့်ကာ
YOU ARE READING
My Possessive Husband Is A Non_list Billionaire(Complete)
Fantasyစဝ်ဈာန်မင်းမဟာမြတ်_ဒီနိုင်ငံရဲ့ ဥပဒေကို ငါပဲ ထိန်းချုပ်ထားတာ ! ခွန်းအလင်္ကာမှူး_မင်းဟာမင်း ဘာကြီးပဲ ထိန်းချုပ်ထိန်းချုပ် ငါ့ကို ထိန်းချုပ်လို့ ရမယ် မထင်နဲ့ start date-9.7.2022 End date -1.11.2022