Part_11

61.5K 4K 248
                                    

အလင်္ကာ ပါတီပွဲထဲဝင်သွားပြီးသည့်နောက်ဘုန်းမင်းဝေက သူ့အနားသို့ ရောက်လာ၏။

"Hello ခွန်းအလင်္ကာမှူး တွေ့ရတာ ဝမ်းသာပါတယ် Basketball ပြိုင်ပွဲတုန်းက သေချာ မနှုတ်ဆက်လိုက်ရလို့ပါ!"

အလင်္ကာ သူ့ရှေ့တွင် ကမ်းပေးလာသော အကြောစိမ်းများ ယှက်ဖြာနေတဲ့ လက်အား တစ်ချက်ကြည့်လိုက်ကာ မျက်နှာသေဖြင့်

"အင်း !"

ဘုန်းမင်းဝေ ထိုသို့ နှုတ်ဆက်လိုက်တော့ ထိုကောင်လေးသည် ခေါင်းတစ်ချက်ငြိမ့်ပြလာပြီး 'အင်း' ဆိုသည့် စကားတစ်လုံးထဲဖြင့် သူ့နှုတ်ဆက်စကားကို အသိအမှတ်ပြုလာသောကြောင့် ဘုန်းမင်းဝေလည်း အရှက်ပြေ ချောင်းတစ်ချက်ဟန့်ကာ ကမ်းထားသောလက်အား ပြန်ရုတ်သိမ်းလိုက်ပြီး ဘောင်းဘီအိတ်ကပ်ထဲ ထည့်လိုက်ကာ ထိုကလေးအား ကြည့်၍

"ကိုယ့်ကို သူငယ်ချင်း ဖြစ်ခွင့်ပေးပါလား"

တစ်ဖက်သူက တောင်းဆိုလာသည့်အသံဖြင့် ပြောလာသော်လည်း သူသည် ရှုတ်ရှုတ်ယှက်ယှက်တွေ မလိုချင်သောကြောင့်

"ကျွန်တော့်အတွက် သူငယ်ချင်းက ရတုရှင်းသာ တစ်ယောက်ဆို လုံလောက်ပါပြီ!"

"ဒါဆို အသိမိတ်ဆွေအဖြစ်ရော?"

အလင်္ကာ စိတ်ထဲတွင် ရှုပ်ထွေးနေသော်လည်း မျက်နှာတွင်တော့ ဘာအမူအရာမှ မပြပေ။သို့သော်လည်း သူ ဘုန်းမင်းဝေအား တစ်ချက်ကြည့်လိုက်ပြီး

"မိတ်ဆွေ အင်း ခေါင်းစဉ်က လှသားပဲ "

"အလင်္ကာ ကိုယ့်ကို မိတ်ဆွေအဖြစ် အသိအမှတ် ပြုလိုက်တာလား!"

"အင်း! ဒါနဲ့ ကိုဘုန်းမင်းဝေ နဲ့ ကျွန်တော်က မိတ်ဆွေ အဆင့်ပါပဲ ။ အဲ့ထက် မတိုးလာပါနဲ့။ ပြီးတော့ ကျွန်တော်က ရှုတ်ရှုတ်ယှက်ယှက်တွေ မကြိုက်ဘူး ! အကယ်၍ ကျွန်တော်ပြောတဲ့ဟာကို မလိုက်နာနိုင်ဘူး ဆိုရင် ဒီကနေ ပြန်လှည့်ပြန်သွားလို့ ရပါတယ် ! "

ဘုန်းမင်းဝေ တစ်ယောက် အနည်းငယ်တော့ စိတ်ညစ်သွား၏။သူမစခင်တည်းက ဒီကောင်လေးဟာ မိတ်ဆွေ ဆိုတဲ့ ကြိုးဖြင့် ချည်နှောင်လိုက်ပြီး သတိပေးခဲ့ချေပြီ။
သို့သော်လည်းကောင်လေးနားမှာ နေရရုံနဲ့ ကျေနပ်တင်းတိမ်နိုငါသဖြင့်

My Possessive Husband Is A Non_list Billionaire(Complete) Dove le storie prendono vita. Scoprilo ora