Part (40) Final part (1)

2.5K 121 8
                                    

မေတ္တနီတိ




🌼pann



Final ( part 1)




ကျောင်းနှစ်လပိတ်ချိန်လေး မေပျိုတို့အဖေ့ဆီခဏအလည်သွားဖြစ်သည်..။

လူကြီးကလည်း အချိန်ရတုန်းလေး..။

အခုဆို သူက စစ်ကိုင်းစီးပွားရေးလုပ်ငန်းရှင်များအသင်းထဲမှာလည်း တစ်စိတ်တစ်ဒေသ ဝင်နေရသေးသည်..။

မှိုအကြောင်း တွေလည်း နည်းပြတစ်ယောက်အနေနဲ့ လိုက်ပြီးရှင်းပြပေးနေရသည်..။

ခုဆို အမြို့မြို့အနယ်နယ်တိုင်းမှာ စိုက်ပျိုးရေးမှိုတွေစိုက်ပြီး တစ်နိုင်တစ်ပိုင်စီးပွားရေးလုပ်ကြသလို တစ်ချို့တွေက စျေးကွက်စီးပွားရေးထဲတိုးဝင်လာတာ များလာသည်..။

နွားချေးအပြင် ဆိတ်ချေး မြင်းချေး ရောစိုက်တာမျိုးလည်း စမ်းလုပ်ကြည့်ကြနဲ့..။

မန္တလေးမှာလည်း မျိုးကောင်းမျိုးသန့်တွေနဲ့ တစ်ဖန်နည်းပညာစပ်ပြီး ကိုယ်ပိုင်မျိုး(မှိုမျိုး)ဖော်ကြတာမျိုးလည်း ရှိသည်..။

သဘာဝမှိုထက် စိုက်ပျိိုးရေးမှိုတွေက အပွင့် အလုံးဆိုပြီး ထွက်လာကြတာ..မိုးတွင်း ဆောင်းတွင်း ဆိုပြီးဥတုမရွေးနေဘဲ အချိန်ခါတိုင်းလည်းရ..ဘေးဥပါဒ်လည်းမဖြစ်လို့ ဝယ်ယူစားသုံးတဲ့တွေလည်း တဖြေးဖြေး များလာသည်..။

မှိုမို့ စားဖို့ကြောက်ကြပေမယ့်လည်း အခုနောက်ပိုင်းအဲ့လိုတွေ နည်းလာသည်..။

လူကြီးကလည်း နေရာတစ်နေရာရလာတာမို့ သူ့မှာမအားမလပ်..။

ခုရတဲ့အချိန်လေး အဖေ့ဆီလာရတာ..။

ကိုပေါက်စီကို ခြံလွှဲထားခဲ့ပြီး မေပျိုတို့နှစ်ယောက်ပဲ အိမ်ကကားတစ်စီးနဲ့ထွက်လာခဲ့ကြတာ..။

မေပျိုကတော့ တစ်လမ်းလုံးမုန့်စားလိုက် အိပ်လိုက်နဲ့ပဲ..လူကြီးကတော့ မနားမနေနဲ့ကားမောင်း။

မောင်းရင်းနဲ့ နောက်ဆုံးတော့မေပျိုတို့အဖေ့ဆီရောက်ခဲ့သည်..။

အရင်ကနေခဲ့တဲ့ပတ်ဝန်းကျင်မို့ နေရာတစ်ခုချင်းစီတိုင်းက မေပျို့အတွက် အမှတ်တရတွေဖြစ်နေခဲ့သည်...။

မေတ္တ နီတိ (Unicode )Donde viven las historias. Descúbrelo ahora