(Unicode)
တော်ရုံကျောင်းဖိုရမ်ဝင်မကြည့်တတ်သည့် နှစ်ယောက်သည် နည်းလမ်းကျကျပင် ဖိုရမ်ပေါ်တွင် ဖြစ်ပျက်နေသည်များကို မသိခဲ့ကြပေ ။ သို့သော် ထိုသို့ကျောင်းဖိုရမ် ဝင်မကြည့်လျှင်တောင် အတန်းဖော်များ၏ပြောင်းလဲနေသည့် အကြည့်များကြောင့် သူတို့နှစ်ဦးသည် အများ၏အတင်းပြောစရာ ကိစ္စသဖွယ်ဖြစ်နေမှန်းရိပ်မိသည် ။ ၎င်းက ကြိုတင်ခန့်မှန်းထားပြီးသားဖြစ်တာကြောင့် ထယ်ယောင်းနှင့်ဂျောင်ကုတို့သည် တုန်လှုပ်ခြင်းမရှိပဲ တည်ငြိမ်စွာဖြင့်သာတုံ့ပြန်သည် ။
ဟီယူသည် ရှေ့ဆုံးမှနေ၍ နောက်ဆုံးခုံတွင် ပူးကပ်နေသည့် နှစ်ယောက်အားကြည့်ကာ သက်ပြင်းချလိုက်သည် ။
“ ဘာဖြစ်တာလဲ ? ”
ဟီယူကသက်ပြင်းချည်းချနေတာကြောင့် ဘေးတွင်ထိုင်နေသည့် ဟီဂျင်ကမနေနိုင်စွာမေးလာသည် ။
“ ဟီဂျင်ရေ...နင်သူတို့နှစ်ယောက်နဲ့ပတ်သက်ပြီး တစ်ခုခုမခံစားမိဘူးလား ? ”
ဟီဂျင်လည်း ဟီယူနည်းတူ နောက်ဆုံးကနှစ်ယောက်ကို လှမ်းကြည့်လိုက်သည် ။
“ သူတို့နှစ်ယောက်ကြား ဘာဖြစ်သွားလဲမသိပေမဲ့ အရင်ကနဲ့လုံးဝကိုမတူတော့ဘူး...ရုတ်တရက် နီးကပ်သွားတာက အံ့ဩဖွယ်ပဲ ”
“ အခုချိန်မှာတော့ သူတို့က ပြိုင်ဖက်ကနေသူငယ်ချင်းဖြစ်သွားပါတယ်ဆိုပေမဲ့...ငါ့ရဲ့အမျိုးသမီးဆဌမအာရုံကနေပြီး အခြားတစ်ခုကိုခံစားမိနေတယ် ”
“ အမ်း...နောက်ပိုင်း ဘယ်လိုဆက်ဖြစ်မယ်မသိဘူး ”
ဟီယူက ဟီဂျင်ကိုကြည့်လာတာကြောင့် ဟီဂျင်ကလည်း ပြန်ကြည့်လာသည် ။
“ ဟီဂျင်...ငါတော့တော်တော်ကို စိတ်လှုပ်ရှားနေမိပြီ...သူတို့နှစ်ယောက်က အချင်းချင်းစိတ်ဝင်စားနေကြတာသေချာတယ်...နင်ပဲပြောဖူးတယ်မလား သူတို့က ငယ်ငယ်ကတည်းကတစ်ယောက်အကြောင်းတစ်ယောက်သိပြီး ပြိုင်ဆိုင်လာကြတယ်ဆိုတာ...ဒါကပဲ နှစ်ပေါင်းများစွာကြာလာတဲ့အခါ သူတို့ရဲ့ခံစားချက်တွေကို တစ်မျိုးတစ်ဖုံပြောင်းလာစေတာဖြစ်မယ်...သူတို့ကိုယ်တိုင် နားမလည်ကြသေးပေမဲ့ပေါ့ ”
ESTÁS LEYENDO
Compatible Pheromones |TK|✓
Fanficမုန်းတီးခြင်းဟုယူဆသော်ငြား... လျစ်လျူရှုမှုတို့ကမစွမ်းသာ... မျှောလွှင့်နေတဲ့ တိမ်လေးတွေလို... ခံစားချက်တွေဟာလည်း ဦးတည်ရာမရှိ... သေချာပါသည် ငါလည်းမင်းကိုချစ်နေပြီ... Start - Dec 14 , 2021 End - Oct 14 , 2022 #pic from pin #crd to owner