Chapter 1 ( Vol 1 )

9.4K 651 69
                                    

(Unicode)

ငြိမ်သက်နေသည့် စာသင်ခန်းတစ်ခုအတွင်း အတန်းမရှိသည့်တိုင်အောင် တိတ်ဆိတ်နေ၏ ။ နွေးထွေးလှသည့် နေရောင်ခြည်တို့က မှန်ပြတင်း‌ပေါက်မှန်ကိုဖြတ်သန်းလျက် စာသင်ခန်းအားနွေးထွေးအောင် ပြုလုပ်ပေးနေသည် ။ ထိုစဉ် အတန်းရှေ့ဆုံးတွင်ထိုင်နေသည့် ကျောင်းသားတစ်ဦး၏ ဘောပင်တစ်ချောင်းက ကြမ်းပြင်ပေါ်သို့ " တောက် " ခနဲမည်အောင် ပြုတ်ကျသွားသည် ။ ၎င်းကသိပ်မသိသာလှသည့် အသံလေးဆိုသော်လည်း စာသင်ခန်း၏နောက်ဆုံးခုံတွင် မျက်နှာအပ်ကာ မှောက်အိပ်နေသည့် ကျောင်းလူဆိုး‌လေးအား နိုးသွားစေရန်လုံလောက်သည် ။

" ငါပြောထားတယ်မလား... အသံတစ်ချက်ထွက်တာတောင်မကြားချင်ဘူးလို့ "

ထွက်ပေါ်လှသည့် အသံကား အေးစက်စက်နှင့် ။ အိပ်ထားသည်ဖြစ်သောကြောင့် ထိုသူ၏အသံက အက်ရှရှဖြစ်နေကာ စာသင်ခန်းတစ်ခုလုံး၏ စိတ်နှလုံးအား အေးခဲသွားစေရန်လုံလောက်သည် ။

" မင်းအသံကမှ စောက်ရမ်းနားငြီးဖို့ကောင်းတာ "

ဩရှရှနှင့် နောက်ထပ်ထွက်ပေါ်လာသည့် အသံကြောင့် အတန်းထဲရှိသူများက သူတို့၏ ကိုယ်လုံးအား သေးသည်ထက်သေးအောင် ကြုံ့လိုက်မိကြသည် ။ အာ...အခန်းထဲမှာ ထိပ်တန်းအယ်လ်ဖာနှစ်ယောက်က ဘေးချင်းကပ်ထိုင်ပြီး အမြဲပြိုင်ဆိုင်နေတော့ ကျန်တဲ့ သူတွေအတွက် ဖြတ်သန်းရတဲ့ ကျောင်းတက်ရက်တွေက တကယ့်ကိုငရဲလိုပင် ။

" အဲ့တာ မင်းနဲ့ဆိုင်လား "

" ဒါဆို ဘောပင်ပြုတ်ကျသံလေးကကော မင်းအတွက်ဘာဖြစ်သွားလို့လဲ သောက်ကြီးသောက်ကျယ်နဲ့ "

" အဲ့တာငါ့ကိစ္စလေ...မင်းအပူပါလား "

" မင်းစောက်သံက ကျယ်နေလို့ ငါအိပ်မရတော့ဘူးလေ အဲ့တာတော့ ငါနဲ့ဆိုင်သွားပြီ "

အယ်လ်ဖာနှစ်ယောက် စကားနိုင်လုနေကြပေမဲ့ အခန်းတွင်း gp chat ထဲတွင်တော့

[ဟဲ့... ချကြကုန်ပြီ စိတ်ဆင်းတွေလဲရဲပါတယ် ]

[ ရန်ပွဲက ဒီထက်ကြီးလာရင် ထိန်းလို့ရတော့မှာမဟုတ်ဘူး ငလူး ]

Compatible Pheromones |TK|✓Tempat cerita menjadi hidup. Temukan sekarang