Chapter 44

2.9K 348 34
                                    

(Unicode)

နာရီပေါင်းအတော်ကြာသည်‌အထိ ထယ်ယောင်းသည် ဂျောင်ကုဘေးတွင်‌ ဖယ်ရိုမုန်းများထုတ်လွှတ်ကာ အဖော်ပြုပေးခဲ့သည် ။ လေယာဉ်ပေါ်တွင်လည်း အရသာပြယ်ပြယ်‌နှင့် ပေါင်မုန့်တို့ကိုသာ စားလာရသည့်အပြင် လေယာဉ်ဆိုက်သည်နှင့် ဆေးရုံကိုပြေးလာရတာကြောင့် ယခုချိန်တွင် ထယ်ယောင်းသေလောက်အောင် ဗိုက်ဆာနေသည် ။

သို့သော် ဆေးရုံကုတင်ပေါ်တွင် လှဲလျောင်းနေသေးသည့် ဂျောင်ကုကိုကြည့်မိလျှင် စားချင်စိတ်တို့ ပျောက်သွားပြန်သည် ။ ငိုကြွေးထားသည့် မျက်လုံးတို့ကနီရဲနေပြီး မျက်ခွံ့နှစ်ဖက်က ဖောင်းမို့နေသည့် ထယ်ယောင်းပုံစံက အဆုံးမဲ့နာကျင်ခြင်းတို့အား ခံစားထားရပုံပေါ်သည် ။

“ ကလေးလေး...”

အတွေးထဲနစ်မွန်းနေချိန်တွင် တိုးညှင်းလှသည့် ဂျောင်ကုခေါ်သံကိုကြားလိုက်ရတာကြောင့် ထယ်ယောင်းဆတ်ခနဲတုန်သွားပြီး ဂျောင်ကုကိုကြည့်လိုက်သည် ။ ဂျောင်ကုက အားနည်းလှသည့်အပြုံးကိုပြုံးပြရင်း ထယ်ယောင်းကိုကြည့်နေသည် ။

“ ဂျောင်ကု! ”

နောက်ဆုံးတွင် ဂျောင်ကုနိုးလာပြီဖြစ်ကြောင်း သေချာတာကြောင့် ထယ်ယောင်းသည် ရင်ဘတ်တွင် မျက်နှာအပ်၍ အားရပါးရထပ်ငိုလိုက်ပြန်သည် ။

“ သိသွားပြီလား ? ”

ဂျောင်ကုက ထယ်ယောင်းဆံပင်လေးများကို ထိုးဖွရင်းမေးလာသည် ။

“ အင်း...အကုန်သိသွားပြီ အရူးကောင်...မင်းပါပါးသာမပြောပြရင် မင်းဘယ်အချိန်ထိငါ့ကိုဖုံးကွယ်ထားဦးမှာလဲ ? ”

“ အာ...ငါ့ကိုခဏထူပေးပါဦး ”

အိပ်ရာပေါ်တွင် လှဲနေရသည်မှာ နာရီအတော်ကြာပြီဖြစ်တာကြောင့် ဂျောင်ကုကျောပြင်ကနာနေပြီဖြစ်သည် ။ ထို့ကြောင့် ထယ်ယောင်းလည်း ကုတင်အနေအထားကိုပြုပြင်ကာ ဂျောင်ကုကို တစ်ဝက်အနေအထားပြုလုပ်ပေးလိုက်သည် ။ ထို့နောက် ထယ်ယောင်းက ဂျောင်ကုကုတင်ပေါ်တွင် တစ်ခြမ်းနေရာယူထားပြီး ဂျောင်ကုလက်ကိုဆုပ်ကိုင်ထားကာ ဂျောင်ကုကိုကြည့်နေသည် ။

Compatible Pheromones |TK|✓Onde histórias criam vida. Descubra agora