"Aigoo...ချောလိုက်တာဟယ်"
"ချောမှာပေါ့ ငါ့Oppaပဲကို"
Luluနဲ့XingXingတို့နှစ်ယောက် တစ်စုံတစ်ခုကို အသည်းအသန်ကြည့်ရင်း လေကန်နေကြတာ Baekတစ်ယောက် သူတို့အနောက်ကို တိတ်တိတ်လေးလာနေတာတောင် မသိကြ။
"Warrrrrrrrrr!!!!"
"Sehun Oppa"XingXingလန့်သွားပြီး ပါးစပ်ကOppaကိုတမိရုံသာမက သောက်လက်စဖျော်ရည်ဘူးကပါ သူအမြတ်တနိုးတန်ဖိုးထားရတဲ့ အရာလေးပေါ် မှောက်ကုန်သည်။
သွားပါပြီ...ကုန်ပါပြီ။ မနေ့ကမှ အိမ်ကမသိအောင် Showပွဲသွားပြီး ခက်ခက်ခဲခဲရလာတဲ့ Sehun Oppaရဲ့ autoထိုးထားတဲ့ ဓာတ်ပုံလေး။ အခုတော့....။ XingXing အခိုးတွေထွက်လောက်အောင် စူးရဲနေတဲ့မျက်ဝန်းတွေနဲ့ ငဘတ်မကို လှည့်ကြည့်လိုက်သည်။ XingXingအကြည့်ကြောင့် Baekကြောင်သွားပြီး ဘာဖြစ်တာလဲလို့ မေးမယ်ရှိသေး Luluက...
"Baekkie..ပြေး..ပြေးတော့"
Luluစကားအရ အခြေအနေပုံမှန်မဟုတ်တာကို သိလိုက်ရတာမို့ Baek ခြေလှမ်းတွေ တံခါးဝကို ဦးတည်လိုက်တဲ့အချိန်မှာပဲ...
"Ya...ငဘတ်မ...မပြေးနဲ့"
Bakkieတစ်ယောက် မာရသွန်စံချိန်နဲ့ ပြေးရပါတော့သည်။
===============ကြီးမားခန့်ညားထည်ဝါလှတဲ့ ကျောင်းတော်ကြီးကို တွေ့လိုက်ရတဲ့တိုင် Yeolရင်ထဲက ဘာခံစားချက်မှဖြစ်မလာ။ တက်ချင်တာကတခြား။ ရောက်လာတာက တစ်နေရာ။ တကယ်ဆို သူတက်ချင်တာက စီးပွားရေးပါ။ ဒါပေမယ့် သူရောက်လာတာက...။ အင်းလေ...ဘာပဲဖြစ်ဖြစ် သူဒီကိုရောက်လာတာက ပညာသင်ဖို့သက်သက်မှ မဟုတ်တာ။ KR Art School ဆိုတဲ့ ရွှေရောင်စာလုံးတွေကို တစ်ချက်ကြည့်လိုက်ရင်း နှုတ်ခမ်းကိုမဲ့ပစ်ကာ ကျောင်းထဲဝင်ခဲ့တော့သည်။
"ငဘတ်မ...အခုရပ်..."
ကျောင်းကော်ရစ်ဒါအရောက် အတော်ဝေးဝေးကနေ အော်သံကျယ်ကျယ် ကြားလိုက်ရတာမို့ Yeol ဘာရယ်မဟုတ် လှည့်ကြည့်လိုက်တော့ ကောင်မလေးတစ်ယောက် သူ့ရင်ခွင်ထဲပစ်ဝင်လာသည်။ ထင်မှတ်မထားတာတစ်ကြောင်း တော်တော်များတဲ့အရှိန်နဲ့ ပြေးဝင်လာတာက တစ်ကြောင်းကြောင့် ကောင်မလေးကို ဖတ်လျက်သားနဲ့ပင် Yeolတစ်ယောက် သမံသလင်းနဲ့ ကျောမိတ်ဆက်သွားတော့၏။
YOU ARE READING
Did I scare her?
FanfictionBaekYeol fiction! This is my first fanfiction. So if I made something wrong, plz fix and read it.