"Wake up... Wake up... Wake up"
Alarmသံလေးနဲ့အတူ Baekမျက်လုံးတို့ ပွင့်လာခဲ့သည်။ နှုတ်ခမ်းလေးက ပြုံးသွားပေမယ့် ရင်ထဲက တစ်ခုခုကို စိုးရိမ်နေမိသည်။ ဒီနေ့က Chan Yeolနဲ့ Baekတို့ရဲ့ ချစ်သူသက်တမ်း တစ်လပြည့်တဲ့နေ့။ Yeolဆီက အဆက်အသွယ်မရတာ တစ်ပတ်တိတိရှိပြီ။ ကျောင်းလဲမလာသလို ဖုန်းလဲပိတ်ထားသည်။ မဟုတ်မှလွဲရော လွန်ခဲ့တဲ့ ၃ရက်လောက်က ကျောင်းမှာ သူမကို Suyoungလာပြောသလိုများ ဖြစ်နေမလား။ ဒီအတွေးတွေဝင်လာတော့ သူမငိုချင်လာမိသည်။
Suyoungပြောခဲ့တာက Yeolက သူမကိုလိုက်နေတာတဲ့။ Baekကို တကယ်လဲမချစ်သလို အကြောင်းအရာတစ်ခုကြောင့် ချဉ်းကပ်ခဲ့တာတဲ့။ Yeolကို မေးကြည့်ချင်ပေမယ့် သူကကိုယ်ယောင်ပျောက်နေသည်။
မဟုတ်လောက်ပါဘူး။ Yeolက သူမတို့ချစ်သူသက်တမ်းတစ်လျှောက် Baekကို ဂရုစိုက်ခဲ့တာပဲလေ။ Baekလိုချင်တာဆိုလဲ ချက်ချင်းဝယ်ပေးတတ်သလို Baekမကြိုက်တာကိုလဲ ဘယ်တော့မှမလုပ်။ Xingနဲ့Luတောင် သူမကိုအားကျလာရတဲ့အထိ။
~~~~SMS Ring~~~~~
Messageရောက်လာလို့ Baek ဖုန်းကိုယူပြီး ဖွင့်ကြည့်လိုက်တော့ မသိတဲ့ဖုန်းနံပါတ်တစ်ခု။ Messageကိုဖတ်လိုက်တော့...
"Byun Baekkie... ငါSuyoungပါ"
Suyoung??? သူကဘာလို့ Messageပို့တာလဲ??? တွေးနေတုန်းပဲ Messageတစ်စောင် ထပ်ရောက်လာသည်။
"နင်ငါ့ကို ဂုဏ်မပြုချင်ဘူးလား"
Baek... messageတစ်စောင် မြန်မြန်ရိုက်ကာ ပြန်ပို့လိုက်၏။ ဘာကိုဂုဏ်ပြုရမှာလဲလို့ပေါ့။ သိပ်မကြာခင်ဘဲ ဖုန်းလဲထပ်မြည်လာကာ Messageတစ်စောင် ရောက်လာပြန်သည်။ Arnyee... messageမဟုတ်၊ photoတစ်ခုသာ။ Photoကို ကြည့်လိုက်တော့..."Yeol!!!"
ဟုတ်ပါတယ်။ Yeolမှ Yeolအစစ်။ Suyoungနဲ့Yeol Kissingဆွဲနေတဲ့ပုံ။
*ဘာ... ဘာတွေလဲ*
Baek မျက်လုံးကို သေချာပွတ်ကာ ထပ်ကြည့်လိုက်သည်။ သေချာသွားတဲ့အခါမှာတော့ Baekမျက်ဝန်းတွေက မျက်ရည်စက်လေးတွေ အလိုလိုကျလာ၏။ Suyoungပြောခဲ့တာတွေက အမှန်တွေပေါ့။ ဟင့်အင်း... Yeolကိုသူမယုံပါသည်။ ဒါတစ်ခုခုလွဲနေလို့ ဖြစ်မှာပါ။ ဒါဆိုရင်... ဒီပုံကရော။ ဝေခွဲမရတဲ့အဆုံး Baek... Yeolဖုန်းနံပါတ်လေးကို နှိပ်လိုက်သည်။
YOU ARE READING
Did I scare her?
FanfictionBaekYeol fiction! This is my first fanfiction. So if I made something wrong, plz fix and read it.