"သမီး Baekkie...ထတော့လေ"
Ommaရဲ့အသံက နားထဲကို တိုးဝင်လာတာနဲ့ Baekkieမျက်လုံးလေးကို ပွတ်သပ်ရင်း ဖွင့်ကြည့်လိုက်သည်။ အရင်တုန်းက အကောင်းစားmakeupတွေ ဖွေးဥနေပြီး စိန်နားကပ်တဖြက်ဖြက်နဲ့ အရောင်တောက်နေတဲ့ Ommaမျက်နှာမှာ အခုတော့ ဘာမှမရှိတော့ပါ။ စိတ်ထောင်းလို့ကိုယ်ကြေဆိုသလို Ommaမျက်နှာက အနည်းငယ်ပင် အိုစာသွားသယောင်။
အရင်တုန်းကဆို Baekတို့က Koreaရဲ့ အချမ်းသာဆုံး စာရင်းဝင်တောင် ဖြစ်ခဲ့သေးတာပါ။ Baekနားမလည်နိုင်တဲ့ အကြောင်းရင်းတွေနဲ့ Appa လုပ်ငန်းတွေက တစ်စပြီးတစ်စ ဆုံးရှုံးလာလိုက်တာ နောက်ဆုံးဘဏ်စာအုပ်မှာ minusပြတဲ့အထိ အကြွေးတွေပတ်လည်ဝိုင်းလာခဲ့၏။ Appaကတော့ အဲ့ဒီ့စိတ်နဲ့ပဲ အရက်တွေသောက်ရင်းသောက်ရင်း ကင်ဆာနဲ့ဆုံးသွားခဲ့တာ အခုတော့ Baekဘဝက အမေတစ်ခုသမီးတစ်ခုဘဝ။
အဲ့ဒီ့နောက်ပိုင်း Baekနဲ့Ommaကြားမှာ ဘာလျှို့ဝှက်ချက်မှမထား။ Baekစိတ်ကိုOmmaသိသလို Ommaစိတ်ကိုလည်း Baekနားလည်သည်။ တစ်ခုပဲ...Baekနားမလည်တဲ့အကြောင်း တစ်ခုပဲရှိ၏။ Appaဆုံးပြီးနောက်ပိုင်း Baekရဲ့ များပြားလှတဲ့ ကျောင်းစရိတ်ကို Ommaဘယ်ကရသလဲဆိုတာပင်။ Ommaကိုမေးတော့လည်း မပြောပြ။ Baekသိစရာ မလိုဘူးတဲ့။ Ommaရဲ့ ကော်ဖီဆိုင်လေးကနေ ရတဲ့ဝင်ငွေနဲ့တော့ မလောက်ငှနိုင်တာ သေချာသည်။ သုံးဖြုန်းနိုင်လောက်တဲ့အဆင့်တော့ မဟုတ်ပေမယ့် ဘယ်အချိန်ဖြစ်ဖြစ် Ommaလက်ထဲမှာ လုံလောက်တဲ့ငွေ အသင့်ရှိနေတတ်သည်။
"Omma မျက်နှာမှာ ဘာပေနေလို့ အဲ့လောက်ကြည့်နေတာလဲ Baekkieရဲ့"
Ommaအသံကြားမှ Baekအတွေးမှ နိုးထလာကာ ခေါင်းလေးရမ်းပြလိုက်သည်။ Ommaကပြုံးလိုက်ရင်း..
"ကဲကဲ..ထတော့..ရေမိုးချိုး။ ၆နာရီထိုးနေပြီ...Omma Kimchi ထမင်းကြော်လုပ်ထားတယ်"
Baekက အပျင်းကြီးပေမယ့် အိပ်ယာတော့ စောစောထတတ်သည်။ Ommaလုပ်ပေးထားတဲ့ အကျင့်အရပါ။ Bake ဘာသာဆိုရင်တော့...ဟင်းဟင်း။Baek ရေချိုးခေါင်းလျှော်ပြီးတော့ ကျောင်းဝတ်စုံလေးဝတ်ကာ Ommaရဲ့လက်ရာလေး သုံးဆောင်ဖို့ အောက်ထပ်အပြေးလေးဆင်းခဲ့သည်။
YOU ARE READING
Did I scare her?
FanfictionBaekYeol fiction! This is my first fanfiction. So if I made something wrong, plz fix and read it.