15-Remember me?

6K 540 9
                                    

"Omma... Luနဲ့Xing ပျောက်နေတာ ကြာပြီနော်"

"သူတို့လည်း အလုပ်သွားနေမှာပေါ့ သမီးရယ်"

Baek... Ommaပြင်ပေးတဲ့ Breakfastကို စားရင်းနဲ့ Luတို့ကို သတိရနေမိ၏။ ဟိုတစ်နေ့က ကစားကွင်းမှာ အရေးပေါ်ကိစ္စရှိလို့ အရင်ပြန်သွားပြီဆိုကတည်းက သူတို့နဲ့ မတွေ့ရတော့တာ။ ကစားကွင်းဆိုလို့ Baekမျက်ဝန်းထဲ သူ့ပုံရိပ်ရောက်လာပြန်သည်။ သူ... သူ့ကိုမြင်လိုက်တိုင်း Baekရင်ထဲအလိုလို နာကျင်သွားအောင် လုပ်နိုင်တဲ့သူ။ ဘာကြောင့်မှန်းလဲတော့မသိ။ သူ့ကိုတွေ့ရမှာ ကြောက်ပေမယ့် Baekအိပ်မက်ထဲ စိတ်ကူးထဲ အတွေးထဲမှာ သူ့ပုံရိပ်တွေက အမြဲတဝဲလည်လည်။

"အဟွတ်... ဟွတ်"

"ဩော်... ဒီကလေးနှယ်။ ဘာတွေဒီလောက်တွေးနေလို့ ရေတောင်သီးရတာလဲ"

Baek... Ommaကို သွားလေးဖြဲပြလိုက်ရင်း ရေသောက်ကာ အာရုံကို မနက်စာဆီသို့သာ ပို့လိုက်တော့သည်။

"Tin Toung"

လူခေါ်ဘဲ(လ်)သံကြောင့် Ommaတစ်ယောက် ထမင်းစားပွဲမှထကာ ထွက်သွားပေမယ့် Baekကတော့ တိတ်ဆိတ်စွာနဲ့ပဲ မနက်စာဆက်စားနေလိုက်သည်။

"Luluပါလား... XingXingရောမပါဘူးလား။ ခုနကတောင် သမီးသူငယ်ချင်းက မေးနေသေးတယ်"

"Nae... Xingက ကိစ္စလေးတစ်ခုရှိလို့ ကျန်နေခဲ့တာ"

အပြင်ဘက်ဆီက ပျံ့လွင့်လာတဲ့ စကားသံတွေကြောင့် Baek ပျော်သွားကာ မနက်စာဆက်မစားဖြစ်တော့ဘဲ အပြေးလေး ထွက်လာခဲ့သည်။

"Lu!!! ဘာလို့ခုမှလာတာလဲ Baekကမျှော်နေတာ သိလား။ အိမ်မှာဆို Omma ကော်ဖီဆိုင်သွားရင် Baekတစ်ယောက်တည်း ကျန်ခဲ့တာ ပျင်းစရာကြီး။ Xingရော ဘယ်မှာလဲ? Baekကို မခင်ကြတော့ဘူးလားဟင်"

ထမင်းစားခန်းထဲကနေ Luဆီ ဗြုန်းစားကြီး ပြေးလာပြီး Luလက်မောင်းလေးတွေကို ဖက်ကာ နှုတ်ခမ်းစူရင်း စကားတွေ တတွတ်တွတ်ပြောနေတဲ့ Puppy Baekပုံစံလေးကြောင့် Lu သမင်မျက်လုံးလေးတွေ မှေးစင်းသွားအောင် ရယ်လိုက်ရင်း...

"Mianae Baekkie-ah...  မအားလို့ပါ။ ခုတောင် အရမ်းသတိရလွန်းလို့ ရောက်လာတာ။ အဲ... Eimo Baekကို ခဏခေါ်သွားမယ်နော်"

Did I scare her?Where stories live. Discover now