ပေါလစ်ရောင်တွေလက်တောက်နေတဲ့ ကြမ်းပြင်ပေါ်မှာ အပြည့်ခင်းထားတဲ့ ကော်ဇောနီနီတွေ၊ တဖိတ်ဖိတ်လက်နေတဲ့ မီးဆိုင်းကြီးတွေ၊ ပြီးတော့ ဘယ်သူ့ကြည့်လိုက်ကြည့်လိုက် အားလုံးက တန်ဖိုးကြီးအဝတ်အစားတွေနဲ့။ ဒါတွေအားလုံးဟာ ချမ်းသာဖူးတယ်ဆိုတဲ့ အတွေးရေးရေးလေးသာ ရှိတဲ့သူမအတွက် အံ့ဩစရာတွေချည်း။ သူမလက်ကလေးကို ချိတ်ထားတဲ့ ဘေးက Chan Yeolကို ကြည့်လိုက်တော့ အေးအေးဆေးဆေးပါပဲ။ နိုင်ငံခြားသားတွေနဲ့တောင် စကားပြောနေလိုက်သေး။ လူကုံထံအသိုင်းအဝိုင်းက ဧည့်ခံပွဲဆိုတာ ဒီလိုမျိုးပါလား။ Baek... ထုံးစံအတိုင်း ပါးစပ်အဟောင်းသားလေးနဲ့ပဲ မြင်မြင်သမျှငေးနေမိသည်။ Yeolက သူ့မိတ်ဆွေရဲ့ အောင်ပွဲတစ်ခုအနေနဲ့ ဧည့်ခံတဲ့ ဒီပွဲမှာ ပါတနာနဲ့တက်ရမယ်ဆိုလို့ Baekလိုက်လာခဲ့ရတာလေ။
"Hey... Yeol!!! Is that u??? Oh my honey!!!"
ပျစ်ချွဲချွဲအသံနဲ့အတူ Baekတို့ရှေ့ရောက်လာတာက တစ်ကိုယ်လုံး လက်တောက်နေတဲ့ ခပ်ဟော့ဟော့ မိန်းမတစ်ယောက်။ ဘယ်လောက်ပဲ ဘိုလိုပြောပြော ကိုးရီးယားသူဆိုတာ အသိသာချည်းကို။ Baek... အဲ့တစ်ယောက်ကို အကဲခတ်နေတုန်း မထင်မှတ်ဘဲ ဖြစ်သွားတဲ့အဖြစ်အပျက်က Yeol...။ သူက တွဲချိတ်ထားတဲ့ Baekလက်တွေကို ဖယ်ချလိုက်ပြီး ဟိုမိန်းမကို ဖက်ကာနှုတ်ဆက်လိုက်သည်လေ။ အဲ့ဒီ့အချိန်မှာပဲ ဟိုမိန်းမက Yeolပါးကို နမ်းလိုက်၏။ Baek... ထူပူသွားကာ မျက်နှာကလဲ ပြိုတော့မယ့်မိုးနှယ်။
"Suyoung ဘယ်တုန်းက Koreaပြန်ရောက်တာလဲ"
*Suyoung???*
Yeolပြောလိုက်တဲ့စကားကြောင့် Baekခေါင်းလေးချာချာလည်သွားရသည်။ ဒီမိန်းမက Queenမကြီး Suyoungလား။ Baekတအံ့တဩနဲ့ မယုံနိုင်ဖြစ်နေတုန်းမှာပဲ Suyoungက...
"တစ်ပတ်လောက်ပဲ ရှိဦးမှာ Yeolရဲ့။ ဒီဘက်က Byun Baekkieမလား။ မတွေ့တာတောင်ကြာပြီ။ Annyeong"
Yeolကိုဖြေပြီးတာနဲ့ Baekကိုမချိတရိရယ်ပြကာ နှုတ်ဆက်လိုက်တဲ့ Suyoungပုံက သေချာကြည့်လိုက်ရင် Uniတုန်းကအတိုင်းပါပဲ။ ဟန်ဆောင်ကောင်းတဲ့ Queenမကြီးလေ။ Suyoungက ထိန်းနိုင်သလောက် မထိန်းနိုင် မသိမ်းနိုင် မျက်နှာပျက်နေရသူက Baek။ Yeolကို ကြည့်လိုက်တော့လည်း ဘာမှမဖြစ်သလို Baekကို ပြုံးကြည့်နေသည်။ Suyoungက Baekဖြစ်ပျက်နေပုံကို လှောင်ပြောင်သလိုတစ်ချက်ကြည့်ရင်း...
YOU ARE READING
Did I scare her?
FanfictionBaekYeol fiction! This is my first fanfiction. So if I made something wrong, plz fix and read it.