Chapter 12.1 – စိတ်ပူပင်မှုမှ ကင်းဝေးရန် (1)
ကျိုးရှန်းချန် နိုင်ငံတွင်းသို့ တရားဝင်ပြန်လာပြီးကတည်းက ရှစ်ယီးသည် သူမ၏မိသားစုအိမ်ထံသို့ တရားဝင်သွားရောက်လည်ပတ်ရန် သူ့ကို ခေါ်ဆောင်သွားရမည်ဖြစ်သည်။
တရားဝင်မင်္ဂလာပွဲကို ကျင်းပခြင်း မရှိသေးသော်လဲ ရှစ်ယီးသည် သူမတို့နှစ်ဦးအတူတကွနေထိုင်ရန်ဆုံးဖြတ်ခဲ့ကြောင်း မိဘနှစ်ဘအား လိမ္မာပါးနပ်စွာရှင်းပြခဲ့ပြီး သူ့မိသားစု၏ များပြားရှုပ်ထွေးသောစည်းမျဉ်းများကြောင့် မင်္ဂလာဧည့်ခံပွဲကို အချိန်အနည်းငယ်ရွှေ့ဆိုင်းရန် လိုအပ်နေသေး ကြောင်း ပြောပြထားသည်။
တရားဝင်လက်ထပ်ပြီး ဇနီးမောင်နှံဖြစ် နေပေမယ့် သူမတို့ရဲ့ အဆင့်အတန်းနဲ့ ပတ်သက်ပြီးတော့ ဒေါသစိတ်ဖြစ်စေမှာ သေချာတဲ့အတွက် မိဘတွေကိုတော့ ဝန်မခံဝံ့ သေးပါဘူး။ ရှစ်ယီးနဲ့ ကျိုးရှန်းချန်က တရားဝင်လက်ထပ်ပြီးသားဖြစ်ပေမယ့် တစ်ဖက်နဲ့တစ်ဖက် အကြီးအကဲတွေတောင် နှစ်ဦးနှစ်ဖက် မတွေ့ဆုံရသေး… ဒါကြောင့် လက်မထပ်ရသေးဘဲ အတူနေမယ်ဆိုတဲ့ အချက်ကို ပိုလို့ကတောင် လက်မခံနိုင်ဘူးဆိုတာ သူမသိသည်။
သူမ၏မိဘများက ထိုသတင်းစကားအတွက် အလွန်မပျော်ရွှင်ဖြစ်သော်လည်း ရှစ်ယီးက ပြင်းပြင်းထန်ထန် တောင်းဆိုလိုသည့် သဘောဖြင့် ဆက်ဆံနေသည်ကို မြင်သောအခါ မိဘတို့နှစ်ဦးသည် “အတူတူ နေခြင်းကို ” တုံ့ဆိုင်းစွာ လက်ခံခဲ့ကြသည်။
“အွန်း ၊ ‘အရွယ်ရောက်တဲ့သမီးကို အိမ်မှာမထားရဘူး တဲ့ ‘”
ရှစ်ယီးက သူမမျက်နှာကို သစ်နေတုန်း သူ့အနောက်မှာ ရပ်နေတဲ့ သူမ အမေက အသံတိုးတိုးလေးနဲ့ ငြီးတွားဖို့ အခွင့်အရေးကို ယူသည်။
“ တော်သေးတာက လူငယ်ကျိုး က ကြည့်ရတာ ခင်မင်ဖို့ကောင်းလိုက်လို့။ သူသာ ရိုးရိုးသားသား၊ အားကိုးရတဲ့ ကောင်လေးတစ်ယောက် မဟုတ်ရင် အမေ တကယ်ပဲ--“
ရှစ်ယီးသည် သူမ၏မျက်နှာကို ခြောက်အောင်သုတ်လိုက်ပြီး သစ်သားဘီးကို ကောက်ကိုင်လိုက်သည်။
YOU ARE READING
One Life, One Incarnation - Beautiful Bones(Myanmar Translation)
Romanceဒီနေ့ခေတ်အချိန်ကာလကြီးမှာ မိန်းကလေးတစ်ယောက်က လူတစ်ယောက်ကို စွဲစွဲမြဲမြဲ ချစ်ခဲ့ပြီးတော့ အဲဒီလူနဲ့ ပတ်သတ်တဲ့ အမှတ်တရတွေကို သူမနဲ့ အတူ နှစ်ဘ၀တိုင်တိုင် သယ်ဆောင်ထားခဲ့တယ် တကယ်လို့သာ အဲဒီမိန်းကလေးကို ချစ်မိခဲ့မယ်ဆိုရင် ကောင်းချီးတစ်ခုရတယ်လို့ မခေါ်ဆိ...