Chapter 12.2 - စိတ်ပူပင်မှုမှ ကင်းဝေးရန်။ (2 )

419 36 0
                                    

Chapter 12.2 – စိတ်ပူပင်မှုမှ ကင်းဝေးရန်။ (2 )

လူနာ လပြက္ခဒိန်၏ သတ္တမလသည်  သရဲကြီးများလ ဖြစ်သည်။

သရဲကြီးများလ၏ထူးခြားချက်ကြောင့် ကျိုး မိသားစုသည် နေအိမ်အတွင်း လူဝင်ထွက်ခြင်းမပြုရန်နှင့်  ညမထွက်ရအမိန့်ထုတ်ထားသောကြောင့် ကျိုးရှန်းချန် သည် ညဥ့်နက်အချိန် ကျန့်ကျန်း နှင့် ရှန်ဟိုင်း အကြား အသွားအလာ ပြုလုပ်ရန်  မသင့်တော်ပေ။

ထို့ကြောင့် ရှစ်ယီး  သည် ခွင့်ရက် တစ်လ လောက်တောင်းပြီး ကျန့်ကျန်း ရှိ  ကျိုးအိမ်တော်ဟောင်းတွင် တည်းခိုခဲ့ရသည်။ရှစ်ယီး သည် ချမ်းသာသွားပြီး ရှန်ဟိုင်းတွင် ဆက်နေရန် စိတ်မ၀င်စားတော့ဘဲ  သူမခင်ပွန်းရဲ့ဇနီးသည်  ချမ်းသာပြီး ငယ်ရွယ်သော သခင်မတစ်ဦး၏ ဘဝကို ရိုးရှင်းစွပဲ  ဖြတ်သန်းနိုင်တော့မည်  မိန်လင်း  လှောင်ပြောင်ခြင်းကို ခံခဲ့ရကာ  ခွင့်ပြုချက်ကို သက်ပြင်းရင်း ရရှိလာသည်။

အမှန်တော့၊ ပြောင်လက်တောက်ပပြီး ဆွဲဆောင်မှုရှိသော၊ ကြည်နူးမှုနှင့် အလွန်အကျွမ်းတ၀င်ရှိသော မြို့ကြီးသည်
သူမ၏ သိပ္ပံပညာရှင်အတွက်  နေထိုင်ရနိ သိပ်မသင့်တော်ချေ။

ရှစ်ယီး  ရယ်မောကာ  မိန်လင်းကို ဘာမှပြန်မပြောခဲ့။

ပြီးခဲ့သော သီတင်းပတ်များစွာက သူနှင့် အတူ   ဒီအိမ်တော်ဟောင်းမှာ နေထိုင်ရန်  အတူတူ ပြန်လာခဲ့ကြသော်လည်း ဒီအိမါက လူများအတွက်  သူမ၏ တည်ရှိမှုသည် လေကဲ့သို့ ဖြစ်နေသေးသည်ဟု သူမ ခံယူထားဆဲပင်။

သူ၏ ကျိုးမိသားစုသည် အသိအမှတ်ပြုခံရသည့် အခြေအနေများအပေါ် အမှန်တကယ် တန်ဖိုးများစွာထားခဲ့ကြမည်။
သူမနှင့် အလွန်ကောင်းမွန်သော ဆက်ဆံရေးရှိသည့် ရှောင်ရန်ပင်လျှင်  ဒီအိမ်တော်တွင်း၌ သူမအား “မမလေးရှစ်ယီး” ဟုသာ ယဉ်ကျေးစွာ  ခေါ်ကာ ပြောဆိုတတ်သည် ။ တစ်ခုတည်းသောကံကောင်းမှုက သူ့အမေက ဒီကာလမှာ တိုင်းပြည်ကထွက်သွားခဲ့တာပင်။

ဤနေရာတွင် မိုဘိုင်းဆက်သွယ်ရေးမှာ ညံ့ဖျင်းသောကြောင့် ရှစ်ယီး သည် ညဘက်တွင်သာ အွန်လိုင်း သို့မဟုတ် သူမ၏ မိသားစုနှင့် သူငယ်ချင်းများကို ဖုန်းခေါ်ဆိုရန် ကြိုးဖုန်းကို အသုံးပြုရသည်။

 One Life, One Incarnation - Beautiful Bones(Myanmar Translation)Where stories live. Discover now