Chapter 14.2 -ခမ်းနားကြီးကျယ်တဲ့ အရာတွေက ဗလာနတ္ထိအဖြစ် ရောက်သွားတယ် (2)

377 40 0
                                    

Unicode

Chapter  14.2 –ခမ်းနားကြီးကျယ်တဲ့ အရာတွေက ဗလာနတ္ထိအဖြစ် ရောက်သွားတယ် (2)

စက်တင်ဘာလ၏ နောက်ဆုံးရက်ပိုင်း အတွင်းတွင်ဖြစ်သည်။


၀မ်မိသားစုမှ အဘွားအိုကြီးသည် မထင်မှတ်ဘဲ ရှစ်ယီး ထဲ လာရောက်လည်ပတ်ခဲ့သည်။ အဘွားအိုနှင့်အတူ ရှစ်ယီး တစ်ကြိမ်တွေ့ဆုံခဲ့ဖူးသည့် ၀မ်မိသားစု၏ အကြီးဆုံးမြေးဖြစ်သူနှင့် သက်လတ်ပိုင်း အမျိုးသမီး အများအပြားပါ ပါလာပြီး အားလုံးက သေသေချာချာ  သပ်သပ်ရပ်ရပ် ၀တ်ဆင်ထားကြသည်။

ရှစ်ယီး ကို နောက်ဆုံးအကြိမ်တွေ့ပြီးကတည်းကဆိုရင်
လအတော်ကြာသွားပြီဖြစ်သော်လည်း အဘွားအိုသည် ရှစ်ယီး အပေါ် အလွန်ယဉ်ကျေးကာ  လေးလေးစားစားရှိနေဆဲဖြစ်ပြီး ချစ်ခင်ကြင်နာမှုလည်း အနည်းငယ်ရှိ နေသေးသည်။

အဘွားအိုသည် ဆိုဖာပေါ်တွင် ထိုင်လိုက်သောအခါတွင်
သူမက ရှစ်ယီး ၏လက်ကို ညင်သာစွာ ဆွဲကိုင်လိုက်ပြီး
ရှစ်ယီး ၏ ကျန်းမာရေး သိပ်မကောင်းကြောင်း သူမကြားသိထားတာနဲ့ မတူဘဲ   ရှစ်ယီး ၏ ကျန်းမာရေးမှာ အလွန် အဆင်ပြေကောင်းမွန် နေကြောင်း သိလိုက်ရသည်။

“ဒီသခင်ငယ်လေးရဲ့ စိတ်နေစိတ်ထားက နည်းနည်းတော့ စိတ်မရှည်ဘူး၊ မင်္ဂလာဆောင်မယ့်ရက်က နီးလွန်းတယ်။ ဒီအဖွားကြီး အလုပ်လုပ်ဖို့အတွက် အချိန်ပိုမပေးထားဘူး”

အဘွားအိုက ပြုံးပြီး ရှစ်ယီး ၏လက်ကို ညင်သာစွာ ဆုပ်ကိုင်ထားကာ

“ဒါ့ကြောင့် ဝတ်စုံက ခြောက်ထည်ပဲရှိတယ်။ ကလေး စိတ်ကြိုက်ကြည့်ကြည့်ပါ။မကြိုက်တာများ ရှိနေမလားလို့”

ရှစ်ယီး  ရုတ်တရက် သဘောပေါက်သွားပြီး ကျိုးရှန်းချန်ကို ရုတ်တရက်  မော့ကြည့်လိုက်သည်။

မသိစိတ်ကြောင့်  ရှစ်ယီး  ပါးစပ်ထောင့်က အပြုံးလေးတစ်ခု ပေါ်လာရလေသည်။

ကျိုးရှန်းချန်သည် သူမတို့သုံးနေတဲ့  ဆိုဖာကို ချန်ထားခဲ့ကာ သစ်သားကုလားထိုင်ပေါ်တွင် ထိုင်ပြီး တံတောင်ဆစ်ကို လက်မောင်းပေါ်တင်ကာ သူမကို ပြန်ပြုံးပြသည်။

 One Life, One Incarnation - Beautiful Bones(Myanmar Translation)Where stories live. Discover now