♡Kang 1♡

193 15 2
                                    

Zawgyi Only

ကျယ်ဝန်းပြီး စည်းကားနေတဲ့ ကျောင်းဝန်းကြီးရှေ့တွင် ရပ်နေသော လူတစ်ယောက်...

"ပင်ပန်းခဲ့ရတာနဲ့ တန်ပါတယ် ဒီနေရာရောက်ဖို့ ဘယ်လောက်တောင် ကြိုးစားခဲ့ရလဲ"

သေချာတာပေါ့ ဒီကျောင်းက လူကုံထံတွေနဲ့ စာတော်တဲ့သူတွေဘဲ တက်နိုင်တာလေ။
စာတော်တဲ့ ကျောင်းသားတစ်ယောက်ဖြစ်တာမို့ ဝင်ခွင့်ဖြေတဲ့အချိန် အခက်အခဲမရှိ ဖြေဆိုနိုင်ခဲ့တာ။ အဲ့လိုဖြေနိုင်ဖို့ဆို အလယ်တန်းထဲက စာသေချာလုပ်ခဲ့မှရမှာ။

ဒီကျောင်းထွက်ဖြစ်ရုံနဲ့တင် အလုပ်ကောင်းကောင်းရဖို့က သေချာနေပြီမို့ ကြိုးစားကြတဲ့သူတွေ အများအပြားပင်။ ထိုကိစ္စက ထင်သလောက်တော့မလွယ်။ မင်းမှာချမ်းသာတဲ့မိဘတွေမရှိဘူး ဒါမှမဟုတ်ရင် မင်းမှာပိုက်ဆံမရှိဘူး... စာလဲမတော်ဘူးဆိုရင် ဒီကျောင်းကိုဝင်ဖို့ရာ မဖြစ်နိုင်ပေ။

──────

ကျောင်းတက်ဖို့ အချိန်လိုသေးတာမို့ ဟိုဟိုဒီဒီလျှောက်ကြည့်ရင်း အချိန်ဖြုန်းနေတုန်း... ကျောင်းထဲကို ဝင်လာတဲ့ ဆိုင်ကယ်တစ်စီး... ကြည့်လိုက်တာနဲ့တင် ဈေးကြီးမှန်းသိသာသည်။ ထိုဆိုင်ကယ်ဝင်လာတာနဲ့ အားလုံးရုတ်ရုတ်သဲသဲ ဖြစ်ကုန်သည်။ အရှိန်နဲ့ မောင်းလာပုံက မသိရင် သူ့အိမ်သူ့ယာအတိုင်း။

ကိုယ့်ဟာနဲ့ကိုယ် အတွေးများနေတုန်း ထိုဆိုင်ကယ်က သူ့ဘေးနားကနေ ဖြတ်သွားပြီး သူ့ရှေ့တွင်ရပ်လိုက်သည်။ ရုတ်တရက်မို့ ရှောင်ချိန်မရလိုက်တာရယ် အတွေးများနေတာရယ်ကြောင့် တိုက်မိဖို့ အနည်းငယ်သာ လိုတော့သည်။

"မသေချင်ရင် ရှောင်လေ"

"မင်းကဘဲ ပြောရတယ်ရှိသေး ဘယ်သူ့အမှားမို့လို့လဲ"

ကိုယ်က 100ရာခိုင်နှုန်းလုံး မှန်နေတာမဟုတ်ပေမယ့် သူက ဘာမို့လို့အဲ့လိုလာပြောရတာလဲ။

"မင်းက ကျောင်းသားသစ်လား"

"မင်းနဲ့ မဆိုင်ပါဘူး"

"သိပ်ဆိုင်တာပေါ့ ဒီကျောင်းမှာ ငါ့ကိုမသိတဲ့သူဆို အခုမှ ကျောင်းပြောင်းလာတဲ့သူရယ် ရူးနေတဲ့သူရယ်ဘဲရှိမယ်"

KANG || BEOMTAE [COMPLETED]Tahanan ng mga kuwento. Tumuklas ngayon