♡Kang End♡

305 24 33
                                    

Uni Only

ဒီနေ့တော့ ပိတ်ရက်ဖြစ်တာကြောင့် ထယ်ဟျောန်းနဲ့ ဒိတ်ဖို့ စဉ်းစားမိသည်။ ထိုကြောင့် ပြင်ဆင်ပြီး ထယ်ဟျောန်းကို သွားခေါ်တော့ ထယ်ဟျောန်းတို့ လမ်းထိပ်ရှိ ကော်ဖီဆိုင်တွင် ထယ်ဟျောန်းနဲ့ ကောင်လေးတစ်ယောက်ကို အတူတွေ့လိုက်ရတာကြောင့် စိတ်ကအလိုလိုမကြည်တော့...

အဲ့တာနဲ့ စာပို့လိုက်သည်။

KANG♡

💌:"ဂန် အခု ဘယ်မှာလဲ"

ပို့ပြီး ခဏအတွင်း ထယ်ဟျောန်းဆီမှ စာပြန်ပို့လာသည်။

💌:"အိမ်မှာဘဲပေါ့..."

💌:"ဒီနေ့စာလုပ်မလို့ မလာနဲ့တော့နော်"

"ဘာ အိမ်မှာဘဲ စာလုပ်မယ် ဟုတ်လား‌ ဘာလို့လိမ်ရတာလဲ အမှန်အတိုင်းပြောပေါ့"

ဘောမ်ဂယူးလဲ စိတ်ဆိုးကာ တိုက်ခန်းကိုဘဲ ပြန်လာလိုက်သည်။

တိုက်ခန်းကို ပြန်ရောက်တော့လဲ ထိုင်တွေးနေသည်က...

"ဘာလဲ အချစ်ဦးများလား ဒါမှမဟုတ် ရည်းစားဟောင်းလား"

"ဟင့် ဂန်က ငါ့ကို မချစ်တော့ဘူးးးးး"

တွေးချင်ရာတွေးပြီး ထိုင်ငိုနေတဲ့ ဘောမ်ဂယူးရယ်ပါ။

◆◇◆◇◆◇◆◇

ပိတ်ရက်မှာ အပြင်ထွက်လာတုန်း ဂျောင်ဝန်းနဲ့ တွေ့ရာကနေ ကော်ဖီဆိုင်အတူထိုင်ဖြစ်ကြသည်။

ဂျောင်ဝန်းနဲ့ စကားပြောနေတုန်း ဘောမ်ဂယူးဆီကနေ စာဝင်လာသည်။

Massage From GYU...♡

💌:"ဂန် အခု ဘယ်မှာလဲ"

💌:"အိမ်မှာဘဲပေါ့..."

💌:"ဒီနေ့စာလုပ်မလို့ မလာနဲ့တော့နော်"

ဂျောင်ဝန်းနဲ့ တွေ့တာသိရင် စိတ်ဆိုးမှာစိုး၍ လိမ်ပြောလိုက်သည်။ သူ့ရဲ့ ဂယူးက ဘယ်လောက်တောင် သဝန်တိုတတ်လိုက်သလဲ...

●○●○●○●○

ကျောင်းဖွင့်ရက်ဖြစ်ပေမယ့် ဘောမ်ဂယူးက လာမခေါ်တာကြောင့် ထယ်ဟျောန်း ကိုယ့်ဟာကိုယ် ကျောင်းလာခဲ့ရသည်။

"ဂယူး..."

ထယ်ဟျောန်က ဘောမ်ဂယူးကို နှုတ်ဆက်လိုက်ပေမယ့် ဘောမ်ဂယူးကတော့ ထယ်ဟျောန်းကို တစ်ချက်သာကြည့်ပြီး ကျောင်းထဲဝင်သွားသည်။

KANG || BEOMTAE [COMPLETED]Donde viven las historias. Descúbrelo ahora