♡Kang 2♡

258 31 31
                                    

Uni Only

နောက်တစ်နေ့ ကျောင်းလာသည့် အချိန်တွင်တော့ ထယ်ဟျောန်းတစ်ယောက် ထီးကိုသေချာယူလာတော့သည်။

ကျောင်းဝန်းထဲ ဝင်ဝင်ချင်း ဘောမ်ဂယူးနဲ့ဆုံရာ...

"ဟေ့ ဂန် ဒီနေ့တော့ ထီးယူခဲ့တာဘဲ"

"မယူခဲ့လို့မှ မရတာ"

"ထားပါ ကန်တင်းသွားကြမလား မနေ့တုန်းက ခေါက်ဆွဲကျွေးထားတာဆိုတော့ ဒီနေ့ အအေးဝယ်တိုက်"

"ဟွန့် အရမ်းကပ်စေးနှဲတာဘဲ စေတနာနဲ့ကျွေးတယ် ထင်တာ အအေးပြန်ဝယ်တိုက်ခိုင်းတယ်"

"လာပါ..."

"အွန်း သွားကြတာပေါ့"

◆◇◆◇◆◇◆◇

"ဘာသောက်မလဲ ဂန်..."

"အင်း စတော်ဘယ်ရီမစ်ရှိတ်"

"အွန်း စတော်ဘယ်ရီမစ်ရှိတ် တစ်ခွက်နဲ့ အမေရီကာနိုတစ်ခွက်ပေးပါ"

.........

"ဒီမှာ ရပါပြီ ဒါက ပြန်အမ်းငွေပါ"

"ကျေးဇူးတင်ပါတယ်"

"ဂန် မင်းဟာ ငါ့ကို နည်းနည်းတိုက်"

"မတိုက်ပါဘူး မင်းကိုဝယ်တိုက်ပြီးပြီဘဲ"

"မင်းဟာ သောက်ကြည့်ချင်တာလို့"

"မတိုက်ဘူးဆို"

"မတိုက်လဲ သောက်မှာဘဲ"

ပြောရင်းနှင့်ပင် ထယ်ဟျောန်းလက်ထဲမှ ဖျော်ရည်ဘူးကို လုယူလိုက်သည်။ ထယ်ဟျောန်းကလဲ ပြန်လုပေမယ့် ဘောမ်ဂယူးက အပေါ်ကိုမြှောက်ထားတာကြောင့် လှမ်းယူလို့မရပေ။

"ပြန်ပေးလို့..."

"ရအောင်လုလေ"

"ပြန်ပေးပါဆို ပြန်ပေး ဂယူး ပြန်ပေးလို့"

ဘောမ်ဂယူး ရုတ်တရက် အသိစိတ်လွှတ်သွားသည့်နှယ် ဘာမှမတုံပြန်လာတာကြောင့် ထယ်ဟျောန်းလဲ အမြန်ပင် ပြန်လုယူလိုက်သည်။

"ဟင်း ဟင်း ပြန်လုနိုင်သွားပြီ"

ပြုံးရယ်ပြီး ဆိုလာတဲ့ ထယ်ဟျောန်းကို ကြည့်ရင်း ဘောမ်ဂယူးမေးလိုက်သည်။

"ခုနက ဘယ်လိုခေါ်လိုက်တယ်"

"ဟင်?"

"ခုနကလေ ဂယူးလို့ ခေါ်လိုက်တယ်မလား"

KANG || BEOMTAE [COMPLETED]Donde viven las historias. Descúbrelo ahora