ကျွန်တော့်ရဲ့ ပထမ mission ကို အကောင်ထည်ဖော်ဖို့အတွက် အရင်ဆုံး ဆေးရုံက ဦးသောင်းနဲ့ ပေါင်းရတော့တာပါပဲ။ ဦးသောင်းကတော့ ဆေးရုံက အထွေထွေ၀န်ထမ်းတစ်ဦးပါ။ လူနာတွေအတွက်ရော ဆရာ၀န်တွေရော အားကိုးနေရတဲ့ လူကြီးပေါ့။ ဦးသောင်းက အသက် ၅၀ ကျော်လောက်တော့ရှိပါပြီ။
ဒုတိယကတော့ ကိုကောင်း ပါ။ ကိုကောင်း ကတော့ ဆေးရုံရဲ့ ဆေး၀ါးကျွမ်းကျင်ပေါ့။ သူကတော့ နယ်ခံပါပဲ။ အဖွားနဲ့လည်း ရင်းနှီးတယ်လေ။ ကျွန်တော့်အကြောင်းတွေကို အဖွားပြောပြထားလို့ ကိုကောင်းက သိသင့်သလောက်သိထားသူပါ။ လူချင်းတော့ အခုမှတွေ့ဖူးတာပေါ့။ ကျွန်တော်ကလည်း သဘောခပ်ကောင်းကောင်း သူတို့ကလည်း သဘောခပ်ကောင်းကောင်းဆိုတော့ အချိန်ခဏလေးမှာ တော်တော်လေး ရင်းနီးသွားကြတယ်။
တနေ့ ကျွန်တော်ရယ် ကိုကောင်းရယ် ဦးသောင်းရယ် ဆေးရုံအ၀န်းထဲက လက်ဖက်ရည်ဆိုင်လေးမှာ အားတဲ့အချိန်လေး လက်ဖက်ရည်သောက်နေတုန်း စကားဆက္မိရင်း ကျွန်တော် ဆရာ၀န်မလေးအကြောင်း မေးမိတယ်။ ဦသောင်းတို့ ကိုကောင်းတို့ကလည်း သိသလောပြောပြတာပေါ့။ ကျွန်တော်ကလည်း သူတို့ပြောသမျှ သွားကြီးြဖီးပြီးသဘောတွေကို ကျလို့။
ဦးသောင်းက
" ညီလေး မင်း ကချင်ဆရာ၀န်မလေး ရဲ့မျက်နှာကို မြင်ချင်ရင် ထမင်းစားတဲ့အချိန် သွားချောင်းတဲ့။ ဆရာ၀န်များနားနေခန်းက ဆေးရုံရဲ့ တတိယထပ် ညာဘက်အစွန်းမှာရှိတယ် "ဆိုပြီး အကြံပေးတယ်။ ကျွန်တော်လည်း
" အာ ဟုတ်ပြီ " ဆိုပြီး ဦသောင်းအကြံအတိုင်း နေ့လည် ထမင်းစားချိန်အတိုင်း မယောင်မလည်နဲ့ အဲ့နာလေးကို ဖြတ်လျှောက်ပြီး သွားသွားချောင်းပါတယ်။ ဒါပေမဲ့ ဆရာ၀န်များနားနေခန်းက အဲကွန်းခန်းဆိုတော့ တံခါးမဖွင့်ပါဖူး။ဒါပေမဲ့ ကံတရားက ကျွန်တော့်ဘက္ မှာရှိတယ်လို့ ပြောရမယ် ကျွန်တော်ဆေးရုံစောင့်ေတဲ့ ၃ ရက္မြောက်နေ့မှာ ဆေးရုံ၀န်းကျင် တစ်ဝိုက်နားက ဓာတ်ကြိုးပျက်ကျမှုကြောင့် မီးမလာဖူး။ ဆေးရုံမှာက လျှပ်စစ်အတွက္ မီးမလာလည်း မီးစက်ရှိတယ်ဆိုပေမဲ့ အဲ့ကွန်းအတွက်တော့ မီးစက်က အဆင်မပြေဖူးလေ။ ဆရာ၀န်များနားနေခန်းလည်း အဲ့ကွန်းမရတော့ တံခါးတွေဖွင့်ထားရတော့တာပေါ့။ ဒီလိုနဲ့ အဲ့နေ့က ကျွန်တော် သွားချောင်းရင်းဆရာ၀န်မလေးရဲ့ မျက်နှာကို ပြတင်းပေါက်ကနေတစ်ဆင့်တွေ့ခဲ့ရပါတယ်။ ထင်ထားတဲ့ အတိုင်းတော်တော်လှပါတယ်။ တကယ်ပါ။
ကျွန်တော့်ရဲ့ ပထမ mission ပြီးလို့ ဒုတိယ mission ကတော့ ဆရာ၀န်မလေးရဲ့ ရင်းနှီးမှုကို ရယူဖို့ပါပဲ။ ဆရာ၀န်မလေးက နဂိုထဲက လူတိုင်းကိုဖော်ဖော်ရွေရွေနဲ့ ဆက်ဆံတဲ့လူဆိုတော့ ဒါက မျက်နှာတွေ့ရဖို့လောက် မခက်ခဲပါဖူး။ နောက်နေ့ ၄ ရက္မြောက်နေ့ ကြတော့ ဆရာ၀န်မလေး လူနာတွေလိုက်ကြည့်ရင်း ကျွန်တော့်အဖွားအခန်းဆီ ရောက်လာခဲ့တယ်။ ကျွန်တော်ကတော့ အဖွားဘေးမှာထိုင်နေတာပေါ့။ အဲ့အချိန် အဖွားက ကျွန်တော့်ကို
" ဖိုးငြိမ်း ဖွားဖွားအတွက်ရေးလေး ယူပေးပါဦး "ဆိုပြီးပြောတယ်။
အဲ့ဒါကို အဖွားရဲ့ကျန်းမာရေးကို ကြည့်ပေးနေရင်း ဆရာ၀န်မလေးက
" နာမည်က ကိုဖိုးငြိမ်းလားတဲ့ အဖွားကို သေချာဂရုစိုက်နော် "
လို့ပြောသွားတယ်။ တကယ်တော့ ကျွန်တော့်နာမည်က ငြိမ်းပါ။ အဖွားက ငယ်ငယ်ထဲက ကျွန်တော့် ပုံစံလေးက အဖိုးနဲ့တူလို့ဆိုပြီး ဖိုးငြိမ်း လို့ခေါ်တာပါ။ အဲ့ဒါကို ဆရာ၀န်မလေးက ကျွန်တော်နာမည်ကို ဖိုးငြိမ်းဆိုပြီး ထင်သွားပုံရပါတယ်။ ကျွန်တော်ရှင်းပြချိန်တောင်မရလိုက်ဖူး သူထင်တာခေါ်ပြီး ထွက်သွားတယ်။ ဒါပေမဲ့ ဆရာ၀န်မလေးက ကိုဖိုးငြိမ်းဆိုတော့လည်း ကိုဖိုးငြိမ်းပေါ့။
ကျွန်တော်ဆေးရုံစောင့်ရတဲ့ ၅ ရက္မြောက်နေမှာ ဆရာ၀န်မလေးက
" ကိုဖိုးငြိမ်း ဦးသောင်းအပြင်သွားလို့ ဆေးဝိုင်းသယ်ဖို့အတွက် ကူညီပေးပါလား "
ဆိုပြီး အကူညီတောင်းတယ်။ ကျွန်တော်လည်း ဆရာ၀န်မလေးနဲ့ အတူဆေးသွားဝိုင်းသယ်ပေးတာပေါ့။ ဆေးသယ်ဖို့ စောင့်နေရတဲ့ အချိန်ခဏအတွင်းမှာ ကျွန်တော် ဆရာ၀န်မလေးနဲ့ စကားပြောရင်း ပိုရင်းနှီးသွားခဲ့တယ်။ စကားပြောတဲ့ အကြောင်းအရာတွေကတော့
" ကျွန်တော် ငယ်ငယ်က ဒီမာနေခဲ့ကြောင်း ၇တန်းအရွယ်ရောက္မှ ရန်ကုန်ပြောင်းသွားကြောင်း အခု အလုပ်ရုံးပိတ်ရက် အဖွားအိမ်လာရင်း အခုလိုဆေးရုံစောင့်ရတဲ့ အဖြစ်ရောက်သွားကြောင်း "
အစုံပေါ့။ ဆရာ၀န်မလေးကတော့ ကျွန်တော်ပြောသမျှ ပြုံးပြီးနားထောင်ပေးပါတယ်။ mask တပ်ထားပေမဲ့ ပြုံးနေတာတော့သိသာတယ်လေ။ ဒီလိုနဲ့ပဲ ကျွန်တော်လည်း ဆရာ၀န်မလေးနဲ့ရင်းနီးသွားပြီး ကျွန်တော့်ရဲ့ ဒုတိယ mission လည်းပြည့်သွားခဲ့ပါပြီ။ နောက်နေ့တွေလည်း ရင်နီးသွားတော့ စကားပြောလိုက် စလိုက်နောက်လိုက်ပါပဲ။
YOU ARE READING
A diary I had met - (ကျွန်တော်ဆုံခဲ့ဖူးသော မှတ်တမ်းတစ်ခု)
Romance" 1990 ခုနှစ်များဆီက စာတိုက်ဌာနရဲ့ သာမန်၀န်ထမ်းလေးတစ်ဦးက ဆရာ၀န်မလေးတစ်ယောက်နဲ့ ဘယ်လိုဆုံတွေ့ခဲ့တယ် ပြီးတော့ ဘယ်လို mission တွေလုပ်ခဲ့တယ်ဆိုတဲ့ အကြောင်းကိုရေးထားတာပါ။ "