ကျွန်တော်ဆုံခဲ့ဖူးသော မှတ်တမ်းတစ်ခု
A diary I had metခင်များတို့ရဲ့ဘ၀မှာ လူတိုင်းနီးပါး မှတ်တမ်းတစ်ခုဆိုတာရှိခဲ့ဖူးမည္။ ကျွန်တော့်ဘ၀မှာလည်း ထူးထူးြခားြခား မှတ်တမ်းတစ်ခုရှိခဲ့ဖူးပါတယ်။ ဒါက ဆေးရုံတစ်ခုမှာ ကျွန်တော် ဆုံခဲ့ရတဲ့ မှတ်တမ်းပါပဲ။ ဆေးရုံမှတ်တမ်းဆိုလို ခင်များတို့အထင်မှာ ကျွန်တော်က ဆရာ၀န် ဒါမှမဟုတ် ဆေးရုံက ၀န်ထမ်းတစ်ယောက်လို့ ထင်ကောင်းထင်ကြပါလိမ့်မယ်။ တကယ်တော့ ခင်များတို့ ထင်ထားသလိုမဟုတ်ပါဖူး။ ဒါနဲ့ ကျွန်တော့် နာမည်ကတော့ ငြိမ်းပါ။ နာမည်တွေက သိပ်တော့အရေးမကြီးပါဖူး။ ကျွန်တော့် ဘ၀ရဲ့ မှတ်တမ်းဖြစ်စဥ္ကိုပြန်သွားရအောင်။ ကျွန်တော်ရဲ့ မှတ်တမ်းဖြစ်စဥ္က ဒီလိုဗျ -
ကျွန်တော်က ရန်ကုန် စာတိုက်ဌာနက သာမန် ၀န်ထမ်းတစ်ဦးပါ။ အငယ်တန်း ၀န်ထမ်းအဖြစ် တာ၀န်ထမ်းဆောင်တယ်။ ၁၉၉၀ ခုနှစ်များဆိုတော့ စာတိုက် အလုပ်ကလည်း အရေးပါတယ်လေ။ ကျွန်တော် ကျောင်းပြီးထဲကဆိုတော့ ၀န်ထမ်းသက်တမ်းက ၃ နှစ်ကျော်လောက်တော့ရှိပြီပေါ့။ ငယ်ငယ်တုန်းကတော့ တောင်ပေါ်ဒေသလေးမှာ အဖွားနဲ့နေတယ်။ အဲ့အချိန်တုန်းက အဖေကလည်း ရာထူးမတိုးသေးတော့ တောင်ပေါ်ဒေသလေးမှာပဲ သူကလည်း အစိုးရ၀န်ထမ်းပေါ့။ နောက်ပိုင်း အဖေရာထူးတိုးတော့ တာ၀န်ကြောင့် ကျွန်တော်တို့ မိသားစု ရန်ကုန်မြို့ကိုပြောင်းရွေ့လာခဲ့ရတယ်။ မှတ်မိသလောက်ဆို ကျွန်တော် ၇ တန်းကျောင်းသား ဘ၀လောက်ထဲက ရန်ကုန်ကိုပြောင်းရွေ့လာရတာဆိုတော့ အဖွားရဲ့ ဒေသကို ပြန်မရောက်ဖြစ်တာ နှစ်ပေါင်း ၁၀ နှစ်ကျော်လောက်ရှိရောပေါ့။
ဒါကြောင့်ဒီနှစ် ဒီဇင်ဘာ ရုံးပိတ်ရင်တော့ မွန်းကြပ်လွန်းတဲ့ ရန်ကုန်မြို့ကနေ ထွက်ခွာပြီးကျွန်တော် အဖွားရဲ့တောင်ပေါ်ဒေသလေးမှာ သွားပြန်အနားယူဖို့ ဆုံးဖြတ်ထားတယ်။ ဒီဇင်ဘာကလည်းနီးနေပြီလေ။ နှစ်တိုင်းနီးပါး ရုံးပိတ်ရက်ကြီးတွေမှာ ရန်ကုန်အိမ်မှာပဲအနားယူရတာလည်း ငြီးငွေ့လာတာကို အိမ်ကလူကြီးတွေကလည်း သတိထားမိပုံရပါတယ် ဒီနှစ်အဖွားအိမ်သွားလည်ဖို့အတွက် သူတို့ကိုယ်တိုင် ခရီးလမ်းကြောင်းတွေရော အ၀တ်အစားတွေရော အစအဆုံးစီစဥ္ပေးတယ်။ ဒီလိုနဲ့ ဒီဇင်ဘာရောက်လာတော့ အဆင်ပြေစွာနဲ့ ကျွန်တော် အဖွားဒေသလေးကို အိမ်က ကားလေးနဲ့ပဲ တစ်ယောက်ထဲ ထွက်ခွာခဲ့ပါတော့တယ်။
YOU ARE READING
A diary I had met - (ကျွန်တော်ဆုံခဲ့ဖူးသော မှတ်တမ်းတစ်ခု)
Romance" 1990 ခုနှစ်များဆီက စာတိုက်ဌာနရဲ့ သာမန်၀န်ထမ်းလေးတစ်ဦးက ဆရာ၀န်မလေးတစ်ယောက်နဲ့ ဘယ်လိုဆုံတွေ့ခဲ့တယ် ပြီးတော့ ဘယ်လို mission တွေလုပ်ခဲ့တယ်ဆိုတဲ့ အကြောင်းကိုရေးထားတာပါ။ "