ဒီလိုနဲ့ပဲ ဆေးရုံမှာ စခဲ့တဲ့ ဇာတ်လမ်းက ဆေးရုံမှာပဲ ပြန်ဆုံခဲ့ပါပြီ။ ဒါပေမဲ့ တောင်ပေါ်ဒေသက ဆေးရုံလေးတော့မဟုတ်ပါဖူး ရန်ကုန်က ဆေးရုံမှာပါ။ ကျွန်တော် ဖွင့်ပြောဖို့အတွက် အချိန်ခါကျပြီထင်ပါတယ်။ ဒီတစ်ခါတော့ မဖြစ်မြောက်သွားတဲ့ တတိယ mission တကယ်လာပါပြီ။ အရင်လိုစနောက် ပြီးပြောမှာတော့ မဟုတ်တော့ပါဖူး။အတည်ပါ။
ကျွန်တော့် တပည်ကလည်း တစ်ရက်ထဲနဲ့ဆေးရုံဆင်းရမှာ မဟုတ်သေးတော့ နောက်နေ့ ဆရာမလေးနဲ့ ထပ်ဆုံဦးမှာပါ။ ထပ်ဆုံရင်ပြောပါပြီ။ ဒီတစ်ခေါက်အခွင့်ရေးကိုတော့ ကျွန်တော်လုံး၀လက်လွတ်ခံလို့မဖြစ်တော့ပါဖူး။ ကျိမ်းသေပြောမှြဖစ်တော့မှာပါ။ တစ်ခါေ၀းရင် ၁၀ နှစ်လောက်ကြာနေတော့ အခုတစ်ခါမှ ထပ်ေ၀းရင် ဘိုးဘွားရိပ်သာရောက္မှ ပြောဖို့ပဲရှိပါတော့တယ်။
နောက်တစ်နေ့ မနက်မှာ ဆရာ၀န်မလေးနဲ့ ထပ်ဆုံတော့ ကျွန်တော် ရည်ရွယ်ထားတဲ့ အတိုင်း ကျိမ်းသေပြောလိုက်ပါတယ်။
ကျွန်တော်အထင်တော့ ကျွန်တော် ဖွင့်ပြောလိုက်ရင် ဆရာ၀န်မလေး ရှက်ပြီးပြေးသွားမယ်ထင်တာ သူက မရှက်ပဲရီနေတယ်။ပြီးတော့ သူက
" ဟယ် ကိုဖိုးငြိမ်း အရင်လို ပေါက်ကရတွေလုပ်တုန်းနော်။ ဘယ်နှယ့် ချစ်တယ်လဲ။ ၁၀နှစ်လောက်ကြာတော့ လူကြီး ဖြစ်နေပြီထင်နေတာ အခုထိ နောက်တုန်း ကျွန်မ အိမ်ထောင်ကျတာပဲ ကြာလို့ ကလေးတောင် ကျောင်းနေအရွယ်ရောက်နေပြီလေ။ " တဲ့ကျွန်တော်လည်း ပြုံးပြီး
" ကျွန်တော် ဆရာ၀န်မလေးကို မစရတာကြာလို့ စတာပါ "ဆိုတဲ့ စကားတစ်ခွန်းထဲပြောပြီး ဆေးရုံကနေ စာတိုက်ဌာနရုံးကို ကားပြန်မောင်းလာခဲ့ပါတော့တယ်။ တကယ်တော့ စတာမဟုတ်ပါဖူး။ အတည်ပြောလိုက်တာပါ။ ဒီတစ်ခါ ကားပေါ်က သီချင်းကတော့ ဆရာမလေးနဲ့ မဆုံခင်ကလို ဆရာစိုင်းထီးဆိုင်ရဲ့ သီချင်းတွေမဟုတ်တော့ပါဖူး။ ဆရာစိုင်းဆိုင်မောစ်ရဲ့
" အစမှာတို့နှစ်ယောက် မတွေ့ကြရင် အကောင်းသားပေါ့ထင် "
စာသားလေးပါတဲ့ သီချင်းလေး ဖြစ်သွားပါပြီ။ ပျော်ရမယ် ထင်ခဲ့တဲ့ ချိန်တွေက စုတ်ပျက်သက်သွားတော့ ကျွန်တော်လည်း တော်တော်ထိသွားခဲ့ပါတယ်။ တကယ်လို့ အဲ့အချိန်တုန်းက အရက်သာသောက်ဖြစ်ခဲ့ရင် ကျွန်တော်အခုလောက်ဆိုအရက်သမားကြီးတောင်ဖြစ်နေလောက်ပါပြီ။ ဒါပေမဲ့ ကျွန်တော် မသောက်ခဲ့ပါဖူး။ နောက်နေ့တွေမှာ ကျွန်တော် ဆေးရုံထပ်မသွားဖြစ်တော့ပါ။
ကျွန်တော်လက်လှမ်းမှီသလောက် စုံစမ်းကြည့်တာ ဆရာမလေး အိမ်ထောင်ကျသွားတာ တကယ်ပါ။ ကျွန်တော်အဖွားဆေးရုံဆင်းတဲ့နေ့က ဆရာ၀န်မလေးကို ဆေးရုံမှာမတွေ့ခဲ့တာ အဲ့နေ့က သူနဲ့စေ့စပ်ထားတဲ့ ကောင်လေးသူ့ဆီလာလည်လို့ ဆရာ၀န်မလေးဆေးရုံမလာဖြစ်တာပါ။
အဖွားရဲ့ တောင်ပေါ်ဒေသလေးကနေ ဆရာ၀န်မလေး ပြောင်းသွားတဲ့ အကြောင်း ရင်းကလည်း သူလက်ထပ်တော့မှာမို့လို့ သူကောင်လေးရဲ့မြို့ ကိုပြောင်းသွားတာပါ။ နောက်ပိုင်းမှ ရန်ကုန်ဆေးရုံကို ပါမောက္ခအဖြစ်နဲ့ ရောက်လာတာပါ။ ကျွန်တော် ၁၀ နှစ်တာ မျှော်လင့်ထားတဲ့ ရည်ရွယ်ချက် ပျက်ပြီးနောက်ပိုင်း ကျွန်တော် ဘ၀ကို တစ်ယောက်ထဲပဲဖြတ်သန်းဖြစ်ပါတော့တယ်။ လေလွင့်ခဲ့တဲ့ အချိန်တွေလည်းရှိခဲ့တာပေါ့ဗျာ။
အခုခင်များတို့ ဒီစာကို ဖတ်နေတဲ့ အချိန်ဆို ကချင်ဆရာ၀န်မလေးက ရှိချင်မှရှိပါတော့မယ်။ ရှိရင်လည်း တော်တော်လေးကို အိုမင်းနေလောက်ပါပြီ။ ကျွန်တော်တောင် စာတိုက်ဌာနရဲ့ အငြိမ်းစားပင်စင်ဖြစ်လို့ အသက် ၈၀ ကျော်နေပါပြီ။ ဟောင်းနွမ်းနေပြီပေါ့ဗျာ။တကယ်တော့ အခုခင်များတို့ဖတ်ခဲ့ရတာတွေ အကုန်လုံးက ဘ၀မှာ ကျွန်တော်ဆုံခဲ့ဖူးသော မှတ်တမ်းတစ်ခုပါပဲ။
The End
Thank for reading
YOU ARE READING
A diary I had met - (ကျွန်တော်ဆုံခဲ့ဖူးသော မှတ်တမ်းတစ်ခု)
Lãng mạn" 1990 ခုနှစ်များဆီက စာတိုက်ဌာနရဲ့ သာမန်၀န်ထမ်းလေးတစ်ဦးက ဆရာ၀န်မလေးတစ်ယောက်နဲ့ ဘယ်လိုဆုံတွေ့ခဲ့တယ် ပြီးတော့ ဘယ်လို mission တွေလုပ်ခဲ့တယ်ဆိုတဲ့ အကြောင်းကိုရေးထားတာပါ။ "