ကျွန်တော်ဆုံခဲ့ဖူးသော မှတ်တမ်းတစ်ခု (အပိုင်း - 3)

5 0 0
                                    

ဒုတိယ mission ပြီးလို့ ကျွန်တော့်ရဲ့တတိယ mission ကတော့ ဆရာမလေးကို နောက်ပြီးရည်းစားစကား ပြောမယ်ဆိုတာပါပဲ။ ရုံးပိတ်ရက်ကလည်းတစ်ပတ်ပဲရတာလေ အခုက ၆ ရက္မြောက်နေ့လည်းရောက်နေပြီဆိုတော့ ကျွန်တော်ပြောတော့မှာပါ။ ဒါပေမဲ့ ဒီတစ်ခါ ကံတရားက ကျွန်တော့်ဘက္မှာ မရှိတော့ပါဖူး။ ကျွန်တော် တတိယ mission စဖို့တောင်မကျန်သေးဖူး အဖွားဆေးရုံဆင်းလို့ရပြီ ဆိုပြီး ဦးသောင်းက လာပြောတော့တာပါပဲ။

ဦးသောင်းက
" ဖွားဖွား ဒီနေ့ဆင်းလို့ရပြီနော် ကျန်းမာရေးလည်း ဂရုစိုက်။ ငြိမ်း မင်းပစ္စည်းတွေ ဝိုင်းသိမ်းကွာတဲ့။ "

ကျွန်တော်ကလည်း
" ဟာ မဟုတ်သေးဖူးလေ ၂ ပတ်လောက်ပဲရှိသေးတာ ကောင်းသွားပြီလား တက္မဲ့တက် တစ်လလောက်တက်ပေါ့ " ပြောတော့ အဖွားကလည်းရီတယ်

ပြီးတော့ အဖွားက
" မြန်မြန်ဆင်းရတော့ ကောင်းတာပေါ့ သိမ်းစရာရှိတာ သိမ်းပါ ဖိုးငြိမ်းရယ် "

ဆိုတော့ ကျွန်တော်လည်း ပစ္စည်းတွေသိမ်းပြီး အဖွားအခန်း၀မှာ ဆရာမလေးများ လာနှုမလားဆိုပြီး ရစ်သီရစ်သီ လုပ်နေပါသေးတယ်။ ဒါပေမဲ့ ဆရာမလေးကိုမတွေ့ပါဖူး။ ဆေးရုံ၀မှာလည်း ဟိုကြည့်ဒီကြည့် လုပ်နေပါသေးတယ် မတွေ့ပါဖူး။ တစ်ခြားလူနာတွေကို စမ်းသက်ပေးနေတယ်ထင်ပါတယ်။ မနက်ဖြန်ဆိုလည်း ရန်ကုန် ပြန်ရတော့မှာဆိုတော့ ကျွန်တော်က နှုတ်ဆက်ချင်တာပါ။ mission လေးလည်း အဆုံးသက်ချင်သွားသေးတယ်လေ။ ဒါပေမဲ့ အဲ့တုန်းက ဆရာမလေးကို နှုတ်ဆက်ခွင့်မရခဲ့ပါဖူး။ တတိယ mission လည်းမလုပ်လိုက်ရပဲ ပြန်လိုက်ရပါတယ်။

( --- မှတ်ချက် ။ ။ ဆေးရုံမှာတုန်းက တတိယ mission ရည်စားစကား ပြောမဲ့အစီစဥ္က ဆရာ၀န်မလေးကို သဘောကျတာထက် mission အောင်မြင်ချင်တာပါ အမှန်တိုင်းပြောရရင် စနောက်ချင်တာလည်းပါပါတယ် --- )

ကျွန်တော်ရန်ကုန်ပြန်ရောက်တော့ စာတိုက်ဌာနမှာ ကျွန်တော်ရာထူးတစ်ဆင့် တိုးသွားတယ်ဗျ။ အရင်လိုအငယ်တန်းမဟုတ်တော့ဖူးပေါ့ဗျာ။ ရာထူးနည်းနည်းတိုးတော့ တာ၀န်လည်း နည်းနည်းပိုကြီးလာတာပေါ့။ ဒါပေမဲ့ ကျွန်တော် ရန်ကုန်ရောက္မှ သိလိုက်ရတာက ဆရာ၀န်မလေးကို ကျွန်တော် တကယ် ချစ်မိသွားပြီဆိုတာပါပဲ။ ဆေးရုံမှာတုန်းကတော့ mission တွေက မပျင်းရအောင် အပျော်လုပ်တာဆိုပေမဲ့အခု ဆရာ၀န်မလေးနဲ့ မတွေ့ရတော့မှ ကျွန်တော်ကိုယ် ကျွန်တော်လည်းသတိထားမိတာပါ။ အချိန်အတိုင်းအတာအရ တစ်ပတ်ဆိုပေမဲ့ အချစ်က မှော်ပညာလိုပဲထူးဆန်းပါတယ်။ ကျွန်တော် အပျော်လုပ်လိုက်တဲ့ ကိစ္စက အခုအတည်ဖြစ်သွားပြီး ဆရာ၀န်မလေးကို တကယ် သဘောကျမိသွားပါပြီ။

အဲ့ဒါမို့ ကျွန်တော့်စိတ်ထဲမှာ အဖြစ်ချင်ဆုံးတစ်ခုပဲရှိပါတော့တယ္။ အဲ့ဒါ ဒီဇင်ဘာရုံးပိတ်ရက် မြန်မြန်ပြန်ရောက်ဖို့ပါပဲ။ ဒါပေမဲ့ ကျွန်တော် ပြန်ရောက်တာမှ ရက်ပိုင်းပဲရှိသေးတော့ ဒီဇင်ဘာပြန်ရောက်ဖို့ကလည်း တစ်နှစ်နီးပါးလောက်စောင့်ရဦးမယ်လေ။ ဒီလိုနဲ့ ကျွန်တော်လည်း အလုပ်လုပ်လိုက် လွမ်းလိုက် အလုပ်ပြန်လုပ်လိုက် ပြန်လွမ်းလိုက်နဲ့ ပဲအချိန်တွေက တစ်နှစ်နီးပါးကြာပြီး မျှော်လင့်ထားတဲ့ ဒီဇင်ဘာကို ပြန်ရောက်လာပါပြီ။

ဒီဇင်ဘာရောက်လို့ ရုံးပိတ်ကြောင်း ကြေညာလိုက်တာနဲ့ ကျွန်တော် အိမ်ကို တန်းပြေးတော့တာပါပဲ။ အိမ်ရောက်တော့ အ၀တ်အစားတွေထည့် ကားဆီတွေဖြည့် ပြီး အဖွားဒေသကို သွားဖို့ပြင်ဆင်ပြီလေ။

အိမ်က အဖေနဲ့ မေဆို
" ဟဲ့သား နင်ဘာတွေဖြစ်နေတာလဲ ဟိုကရုံးပိတ်တယ်ဆိုတာနဲ့ နင်က ဘယ်နယ့် အထုပ်ကို ပြင်နေတာပဲ မိန်းမခိုးမလို့လား အဖွားအိမ်ကပြန်လာပြီးထဲက ဂနာကိုမငြိမ်ဖူး တစ်ခါလာလည်း ဒီဇင်ဘာ ဘယ်တော့ရောက္မှာလဲ နောက်တစ်ခါလာလည်း ဒီဇင်ဘာဘယ်တော့ရောက္မှာလဲပဲ ပြောနေတယ်နော် တစ်ခုခုတော့ တစ်ခုခုပဲ ဟင်းဟင်း" တဲ့

ကျွန်တော်လည်း
" အမေတို့ မသိသေးပါဖူး လျှို့၀ှက်ချက် လျှို့၀ှက်ချက် "

ဆိုပြီး ပစ္စည်းတွေကားပေါ်တင်ကာ အဖွားအိမ်ကို ချက်ခြင်းထွက်လာခဲ့ပါတော့တယ်။
လမ်းမှာတောင် ဒီနှစ်လည်း အဖွားဆေးရုံထပ်တက်ရရင် ငါ ဆရာ၀န်မလေးနဲ့ မနှစ်ကလို အချိန်တိုင်းတွေ့ရမှာပဲဆိုပြီး ပေါက်ကရတွေ တွေးနေပါသေးတယ်။

A diary I had met - (ကျွန်တော်ဆုံခဲ့ဖူးသော မှတ်တမ်းတစ်ခု)Where stories live. Discover now