အခန်း(၂)

1.5K 225 23
                                    

ကျန်းစွင်းကျစ်ကျွင်း နိုးလာပြီး သူ့ဘေးနားရှိအိပ်ရာပေါ်မှာ ဘယ်သူမှရှိမနေတာကို မြင်လိုက်ရသည်။

မနေ့ညက သူနဲ့ရီရှီးချန် တို့ ညလုံးပေါက်ချစ်ခဲ့ကြသည်။ပုံမှန်အတိုင်းဆို ရီရှီးချန်သည် အိပ်ရာထဲမှ သုံးရက်သုံးညတိုင်တိုင် မထွက်သင့်သေးပေ။အခုချိန်ဆို နာကျင်နေတဲ့နောက်ပိုင်းလေးအား ကျန်းစွင်းကျစ်ကျွင်းနှိပ်ပေးတာကို စောင့်နေသင့်သည်....ထို့နောက် သူ့ပစ်စတိုကို သုံးရက်သုံးညတိုင်တိုင် ပွတ်ပေးသင့်တာ.....ကျန်းစွင်းကျစ်ကျွင်းတစ်ယောက် အလွန်စိတ်ရှုပ်သွားတယ်။
ဒီလို ဖွံ့ဖြိုးမှုအရ ရီရှီးချန်က အိပ်ရာထဲမှာဘဲ နေသင့်သေးတယ်....ဝံပုလွေရဲ့ဒေါသကို နှိုးဆွပြီး *ပန်းလေးကိုခူးဆွတ်မြက်ခင်းကိုနင်းချေဖို့ တစ်စုံတစ်ယောက်အား လိုအပ်တဲ့ အချိန်ကိုရုတ်ခြည်းဘယ်လိုရောက်လာရတာလဲ?
{T/N:ပြည့်တန်ဆာအိမ်မကြာခဏသွားခြင်း (သို့) အရမ်းအရမ်း ကာမမှီဝဲပြီး မျိုးစေ့ချတာ ကိုပြောတာပါ}

ဝတ္ထုရဲ့ဇာတ်လိုက်တစ်ယောက်အနေနဲ့ ကျင်းစွင်းကျစ်ကျွင်းသည် ဘာကြောင့်ဆိုတာ အတော်လေးနားမလည်ခဲ့ပေမယ့်လည်း ဇာတ်ကြောင်းရှေ့ဆက်တိုးတက်ဖို့ လိုအပ်ချက်အနေနဲ့ "သုံးရက်သုံးညတိုင်တိုင် အိပ်ရာထဲမှ မထွက်နိုင်ပါ" ဟူသော ဓမ္မတာကြီးကိုတော့ ရီရှီးချန်မှ ပစ်ထုတ်ပလိုက်သည်။နောက်ပြီး သုံးရက်သုံးညတိုင်တိုင်လုံးနော်..... ဘယ်လောက်ကြာလိုက်သလဲ?

ကျန်းစွင်းကျစ်ကျွင်းသည် ပဟေဠိကိုအဖြေညှိချင်ပေမယ့် ထိုအရာပေါ်အလေးအနက်ထားဖို့ အာရုံမစိုက်နိုင်သေးပေ။သူ ထထိုင်လိုက်ပြီး သူ့ကိုယ်သူ ရိုးရှင်းစွာနဲ့သပ်သပ်ရပ်ရပ်လုပ်လိုက်သည်။အရေးကြီးတဲ့အရာတစ်ခုခု ပြောင်းလဲသွားပြီ ဆိုသော ထူးဆန်လွန်းတဲ့အတွေးတွေက သူ့နှလုံးသားထဲ ရစ်ဝဲ‌နေခဲ့ပေမယ့် အရာရာတိုင်းက မှန်နေတယ်လို့လည်း ထင်ရပြန်တယ်။ဒီခဏတော့ သနားစရာ ကျန်းစွင်းကျစ်ကျွင်းလေးက နားမလည်ခဲ့သေးပေ။သူဟာတူညီတဲ့လူတစ်ယောက် အဖြစ်ရှိနေသေးသော်လည်း ဇာတ်ကြောင်းကတော့ တစ်ခြားလူတစ်ယောက်ရဲ့ရှူထောင့်မှ ထူးခြားသောစွမ်းအင်တစ်ခုကြောင့် နဂိုအတိုင်းမဟုတ်တော့ပေ။ဒီဟာက သူ့မှတ်ဉာဏ်တွေနှင့်သူ့ခန္ဓာကိုယ်ရဲ့ အချက်အလက်တွေသာ ပါဝင်နေခဲ့သည်...
သို့သော်ငြား နဂိုတိုင်းမဟုတ်သော လူတစ်ယောက်မှာ သူသာလျှင်ဖြစ်နေခဲ့သည်။

Fanficထဲမှဇာတ်လိုက်ကြီး မူရင်းဝတ္ထုထဲသို့ကူးပြောင်းလာသောအခါဝယ်[Haitus]Where stories live. Discover now