အခန်း(၄.၁)

844 144 2
                                    

ကျန်းစွင်းကျစ်ကျွင်းက အရူးတစ်ယောက်မဟုတ်ပေ။မူရင်းဝတ္ထုထဲမှာဆို အရမ်းဉာဏ်ကောင်းတဲ့လူတစ်ယောက်ဖြစ်ပေမယ့် အတုအယောင်fanfic ကမ္ဘာထဲမှာတော့ IQကမရှိသလောက်နိမ့်ကျသည်။အထူးသဖြင့် ရီရှီးချန်နှင့်တစ်ခြား ယောင်္ကျားများ ဆုံချိန်ဆိုပိုဆိုးသည်။

ထို့ကြောင့်ဒီအချိန်မှာ သူ့ခံစားချက်တွေ အနည်းငယ်အမှားအယွင်းဖြစ်နေသော်လည်း သူ့ IQကတော့ အခုထိ လိုင်းပေါ်မတက်လာသေးပေ။

"ဓားရေးညီလာခံ"

ကျန်းစွင်းကျစ်ကျွင်းအမူအရာက လုကျစ်ယောင်နှင့်ရီရှီးချန်တို့ပြောတဲ့စကားတွေကိုနားလည်ဖို့ အချိန်ယူပြီးစဉ်းစားနေရသည်။

"အခုကနေစပြီးဆယ်ရက်အတွင်းလား"

သူအမှတ်မမှားရင် ဓားရေးညီလာခံက အမြဲတမ်းငါးနှစ်မှကျင်းပသည်။နောက်ဆုံးအကြိမ်ကျင်းပပြီးကတည်းက ငါးနှစ်မပြည့်သေးဘူးလေ။ဒီအချိန်ကြီးဘယ်လိုကျင်းပကြမှာလဲ?

လုကျစ်ယောင်က သူ့လက်‌မောင်းကိုစိတ်လေစွာ ပုတ်လိုက်ပြီး
"ရှစ်တိ...မင်းမေ့နေတာလား"

ရီရှီးချန်ကလည်း သူ့ကိုမယုံကြည်နိုင်စွာကြည့်၍

"ကျစ်ကျွင်း မင်းဒီနေ့ဘာဖြစ်နေတာလဲ။ဓားရေးညီလာခံတွက် မင်းနဲ့ငါနေ့တိုင်းလေ့ကျင့်နေကြတာလေ...မင်း...."

ကျန်းစွင်းကျစ်ကျွင်းက မျက်နှာရှစ်ခေါက်ချိုးဖြစ်နေပြီ။လုကျစ်ယောင်နဲ့ရီရှီးချန်တို့အသံတွေက တထေရာတည်းဖြစ်နေသလိုပဲနော်....သူတို့နှစ်ယောက်က သူ့ကိုလှည့်စားချင်ကြတာဖြစ်နိုင်မလား? ဒါမှမဟုတ် သူပဲ အမှတ်မှားတာလား

သူ မေးလိုက်သည် "ဒီနေ့က ဘယ်နှနှစ်၊ဘယ်နှစ်လ၊ဘယ်နှစ်ရက်နေ့လဲ?"

လုကျစ်ယောင်ကပြန်ဖြေသည်။

"ပင်းချန်နှစ်၊ဝူရှူလနဲ့ ကန်းဝူလေ"
[ရှေးခေတ်ပြက္ခဒိန်နဲ့ပြောတာပါနော်]

ကျန်းစွင်းကျစ်ကျွင်းက သူ့သွားတွေ နာကျင်လာသလိုခံစားလိုက်ရသည်။

"ပင်းချန်လား? ကျားကျစ်ဆိုတာသေချာနေတာကို"

"ဟင်? ကျားကျစ်ဟုတ်လား"

Fanficထဲမှဇာတ်လိုက်ကြီး မူရင်းဝတ္ထုထဲသို့ကူးပြောင်းလာသောအခါဝယ်[Haitus]Donde viven las historias. Descúbrelo ahora