အခန်း(၃)

1.1K 180 4
                                    


ကျန်းစွင်းကျစ်ကျွင်းရဲ့ စိတ်အခြေအနေက အရမ်းဆိုးရွားနေသည်။အခုတော့ဖြင့် ရိရှီးချန်ရဲ့ကိုယ်ဝန်ပျက်ကျတဲ့ ရက်တွေကိုတောင် သူမရေတွက်နိုင်ခဲ့မိဘူး......
အချိန်တိုင်းလိုလို...သူတို့ရဲ့ ပြင်းပြင်းထန်ထန်လှုပ်ရှားမှုတွေကြောင့် ကလေးလေးကမနေနိုင်တော့တာဖြစ်ရမယ်။သူ ကြမ်းတမ်းလွန်းခဲ့တာ...အမှန်တော့ သူကမလုပ်ချင်ခဲ့ပေမယ့် fanfic ရေးသူက သူ့ဇာတ်ကောင်အား "သူက ရီရှီးချန်ကို ဘယ်အချိန်တွေ့တွေ့ ရက်စက်သောလူရိုင်းကောင်ကြီးအသွင်ပြောင်းသွားတယ်ဆိုပြီး" ဖန်တီးခဲ့လိုဖြစ်သည်။
တစ်ချို့တွေ ကိုယ်ဝန်ပျက်ကျသည်ဆိုတာက ဗီလိန်အမြောက်စာအမျိုးသမီတွေက သူစားမည့်အစားထဲ သို့မဟုတ် သောက်မည့်ရေထဲအား ကိုယ်ဝန်ပျက်ဆေးထည့်လိုက်ခြင်းကြောင့်ဖြစ်သည်။ကံအားလျော်စွာ ရီရှီးချန်က *ဇာတ်ကြောင်းမြေပြင်ကို ကောင်းကောင်းထွန်နိုင်သကဲ့သို့ မျိုးစေ့လေးပါ ဖြစ်ထွန်း‌ေန၏။ဒါပေမယ့် ဘာလို့များ ဇာတ်ကြောင်းတိုင်း ဒီလမ်းပဲလိုက်နေရတာလဲ?
ကျန်းစွင်းကျစ်ကျွင်းတစ်ယောက် အလွန်စိတ်ထိခိုက်သွားသည်။

{T/N : ရီးရှီးချန်က လွယ်လွယ်ကူကူကလေးရနိုင်တာကိုပြောတာပါ}

သူမွေးပေးချင်တယ်ဆိုလည်း ဘောလုံးတစ်လုံးပဲဖြစ်ဖြစ် ဥတစ်လုံးပဲဖြစ်ဖြစ် မြန်မြန်မွေးပေးပေါ့!
သူ မမွေးပေးချင်ဘူးဆိုရင်လည်း ဘာလို့ကိုယ်ဝန်ရနေတာလဲ??

ကျန်းစွင်းကျစ်ကျွင်း၏အောက်ပိုင်းကမီးလိုတောက်နေပေမယ့် ရီရှီးချန်းမှာကလေးလေးရှိလို့ သူလစ်လျူရှုခဲ့တယ်......

အခုတော့ ကလေးလေး မရှိတော့ပေ...ကိုယ်ဝန်ပျက်ကျတာက သူ့ခန္ဓာကိုယ်ကို နာကျင်စေလိမ့်မည်။ဒီအဖြစ်အပျက်က အချိန်တစ်ခုထိတော့ ရီရှီးချန်ကို ဘာဝေဒနာမှမခံစားရ‌စေပဲ ရက်အနည်းငယ်ထိ အဆင်ပြေနေ‌လိမ့်မည်။သို့သော်...ကျန်းစွင်းကျစ်ကျွင်းကမူ အမြဲတမ်း စိုးရိမ်လွန်းတတ်ပြီး စဉ်းစားချင့်ချိန်နိုင်စွမ်းရှိသူဖြစ်သည်။ထို့ကြောင့် သူက ရီရှီးချန်ကို ပွေ့ချီလိုက်ကာ ဆေးခန်းမရဲ့အကြီးအကဲတွေနဲ့ပြကြည့်ဖို့ ပြင်လိုက်သည်။

Fanficထဲမှဇာတ်လိုက်ကြီး မူရင်းဝတ္ထုထဲသို့ကူးပြောင်းလာသောအခါဝယ်[Haitus]Wo Geschichten leben. Entdecke jetzt