အခန်း(၉)

445 76 4
                                    

Unicode

လူအုပ်ကြီးသည်အလိုအလျောက်လမ်းဖယ်ပေးလိုက်ပြီး တိမ်လွှာပုံဓားနှင့်အနီရောင်ဝတ်ရုံကိုဆင်မြန်းထားသောလူရွယ်နှစ်ယောက် ကလျှောက်ဝင်လာကြသည်။

ထိုလူရဲ့ခေါင်းဆောင်က ကောင်းကင်ဘုံတရားလက်ကိုင်ထားတဲ့ပုံပေါ်ပြီး လေးထောင့်ဆန်ဆန်မျက်နှာနှင့် စိတ်ကောင်းရှိတဲ့ပုံစံလို့ဖော်ပြနိုင်တယ်။သူရင်ဘက်တွင်အဖြူရောင်မျဉ်းတန်းသုံးကြောင်းရှိသည်။ထျန်ကျန်းမန်လိုပင် သူ့တပည့်တွေရဲ့အဆင့်အနေအထားတွေကိုသင်္ကေတနဲ့ဖော်ပြကြတယ်။ကြောက်ဖို့ကောင်းလိုက်တာ....သူ့ရဲ့အနေ‌အထားက အကြီးဆုံးအောက်ကိုတစ်ဆင့်ပဲနိမ့်တဲ့တပည့်ကြီးဖြစ်ရမယ်။နောက်ကတစ်ယောက်မှာ သူလောက်အရေးသိပ်မကြီးပေမယ့် အဆင့်နိမ့်တာတော့မဟုတ်ပေ။
သူတော်ကောင်းမျက်နှာကြီးက ဖန်းရုံသကိုကြည့်ရင်း ဓားရှည်သဖွယ်မျက်ခုံးတို့မှာအတူတကွတွန့်ချိုးသွားတယ်။
"ဖန်းရုံသ!ထပ်ပြီးမင်းပဲဖြစ်ပြန်ပြီ!"

ရီရှီးချန်သည် မြန်မြန်ထခုန်ကာ
"ဒီဖန်းချွဲသ*ကို အစ်ကိုကြီးတို့ရွှမ်ချင်းမန်ဂိုဏ်းရဲ့တပည့်လို့ပြောသင့်လား?သူလိမ်စားတာကိုကျွန်တော်မဖုံးပေလိုက်ပေမယ့် တကယ်လို့ကျွန်တော်သာသူ့ကိုလှည့်စားခွင့်ပြုလိုက်ရင် အစ်ကိုကြီးတို့နောက်ကွယ်မှာ သူဘယ်လောက်တောင်လိမ်စားနေလိမ့်မလဲ ကျွန်တော်တကယ်မသိတော့ဘူး"

ကျန်းချီသည် ဒေါသတကြီးဖြင့်
"သူ့ကို ရွှမ်ချင်းမန်ဂိုဏ်းကနေအရင်နှစ်တွေထဲကထုတ်ပယ်ပြီးသားဖြစ်ပေမယ့် သူကလိမ်ညာတိုင်းငါတို့ရွှမ်ချင်းမန်ဂိုဏ်းနာမည်ကို သုံးနေတုန်းပဲ...စက်ဆုပ်ဖို့ကောင်းလိုက်တာ!"

သူကရှေ့တိုးလာပြီးဖန်းရုံသကိုဆွဲမကာအသံကျယ်ကျယ်ဖြင့်

"ကျွန်တော်တို့ရွှမ်ချင်းမန်ဂိုဏ်းကသူ့ကိုဖယ်ထားတာကြာနေပေ‌မယ့် တပည့်တွေထဲကတစ်ယောက်ဖြစ်နေတုန်းပါပဲ၊ဒါကြောင့် ကောင်းကောင်းမသင်ကြားပေးနိုင်တဲ့ကျွန်တော်တို့အမှားပါပဲ၊ကျွန်တော်အခုပဲ သူ့ကိုပြန်ခေါ်သွားမှာဖြစ်ပြီး ရှစ်ရှူးတွေအားလုံးကိုသတင်းပေးမှာပါ၊ကျွန်တော်တို့သူ့ရဲ့ကျင့်ကြံရေးကိုဖျက်ဆီးပြီး သူလည်းအပြစ်ဒဏ်အများကြီးရင်ဆိုင်ရဦးမှာပါ....ခွင့်ပြုပါဦး"

Fanficထဲမှဇာတ်လိုက်ကြီး မူရင်းဝတ္ထုထဲသို့ကူးပြောင်းလာသောအခါဝယ်[Haitus]Donde viven las historias. Descúbrelo ahora