part 2

9.2K 687 2
                                    

When I wake up
Part 2
--------
ယနေ့ရိပေါ်မွေးနေ့ဖြစ်သည် ဒါကြောင့်မို့လို့ပဲ ဒီခန္ဓာကိုယ်ပိုင်ရှင်ရဲ့အလုပ်တွေမြန်မြန်လုပ်ပြီး  ညဘက် 7:00နာရီလောက်
တရုတ်မြစ်ကူးတံတားအောက်
မှာလာထိုင်နေသည် သူ့မွေးနေ့ရောက်တိုင်းဒီမှာအမြဲလာထိုင်နေကြ ထိုင်
နေတဲ့ခုံတန်းရှည်လေးကပြောင်းလဲမသွားဘူးပဲ  ရှင်းရှင်းပြောရမယ်ဆိုရင်
သူ့အသက်25နှစ်ပြည့်တာ ဒီနေရာကသူတို့ကမ္ဘာနဲ့မတူသလိုပဲ
ပန်းခြံထဲမှာပူဖောင်းရောင်းတဲ့သူကအခုဆိုအသက်ကြီးနေပြီ ရေခဲမုန့်ရောင်း
တဲ့သူကလည်း အသက်40တောင်ရှိပြီတဲ့ အဟက်...ဘာလို့အသက်တွေ
မြန်မြန်ကြီးသွားကြတာလဲ

မနက်ကရှောင်ကျန့်ကိုအော်ထုတ်ပြီးကတည်းကသူနဲ့မတွေ့ဖြစ်တော့ အင်္ကျီ
လဲပြီးအပြင်ထွက်လာတော့ စော်အောလေးကိုချီပြီးထွက်သွားတာပဲမြင်တာ
ရှောင်ကျန့်ကတအားကိုကလေးဆန်တယ် ဒီလိုကလေးဆန်တာကိုသူချစ်တာမှန်တော့မှန်ပါတယ် ဒါပေမဲ့တအားကြီး
ကလေးဆန်သလားလို့

"ပြန်မှပဲ "

ရိပေါ်ထလိုက်တော့မီးတွေအကုန်လုံးပိတ်ချသွားသည် နာရီကိုငုံ့ကြည့်လိုက်
တော့ 7နာရီပါပဲ ပန်းခြံကဒီလောက်စောစောပိတ်လို့လား

မကြာလိုက်မီးပန်းအသံတွေကြားလို့နောက်လှည့်ကြည့်လိုက်တော့
Happy birthday wang yi bo တဲ့
ဘယ်သူများလဲသူ့မွေးနေ့ကိုလုပ်ပေးတဲ့သူက

"မောင် Happy birthday !!"

"ဒယ်..ဒယ်ဒီ ဘတ်ဒေး"

ရှောင်ကျန့်ကစော်အောလေးကိုလက်တွဲထားကာ လက်ထဲမှာလဲကိတ်မုန့်
တစ်လုံးနဲ့ အပေါ်မှာစာလုံးကအကြီးကြီး 31 years တဲ့လေ
သူ့အသက်က25ပါ ဘယ်လိုလုပ်ပြီး 6နှစ်လောက်အသက်ကြီးလာတာလဲ

"မောင် ဖယောင်းတိုင်မူတ်လေ"

ရိပေါ်လည်းဖယောင်းတိုင်ကိုမူတ်လိုက်တော့စော်အောလေးကလက်ခုပ်တီး
သည်

"မောင် ဘယ်တော့လာချော့မလဲဆိုပြီးစောင့်နေတာ "

"...."

"အချစ်လဲ တွေးမိပါတယ် တစ်ခါတစ်လေတအားကလေးဆန်လွန်းလို့ မောင်လည်းစိတ်ပျက်နေလောက်ပြီလို့ပေါ့"

When I wake up (Completed )Where stories live. Discover now