Part 26

3.5K 237 2
                                    

When I wake up
Part 26
_________
ဖုန်းလာ၍တုန်ခါနေသောဖုန်းကို ရှောင်ကျန့်လျစ်လျူရူ့ထားသည် ။ ရည်းစား
မထားရတာ ကြာပြီဆိုတော့လည်း တွေ့ဖို့ကိုကနည်းနည်းရှက်နေသေး
သည်။ တက္ကသိုလ်တုန်းကလည်း ကိုယ်ကမိန်းကလေးတွေကိုကြိုက်ရတာ
လေ ပြီးတော့သူတို့ကောင်လေးကကောင်မလေးကိုဂရုစိုက်ပေးတာက
ဘယ်လိုမျိုးလဲဆိုတာသူမသိဘူး ။

"အချစ်။"

"အဟမ်း...ဘာလဲ။"

"မောင်ဖုန်းဆက်တာဘာလို့မကိုင်တာလဲ။"

"မ...မကိုင်ချင်လို့ပေါ့ ရှင်းနေတာပဲကို။"

ရှောင်ကျန့်ကမိတ်ကပ်အခန်းထဲမှာရိပေါ်ကအခန်းအပြင်မှာ ကြည့်ရတာ
ကတော့ ရှောင်ကျန့်ကိုမတွေ့လို့ဖုန်းခေါ်နေတဲ့ပုံစံ။
ရိပေါ်လည်းရှောင်ကျန့်မိတ်ကပ်အခန်းထဲကိုပဲဝင်လိုက်သည် သူရှိချင်ရင်ရှိမှာပေါ့ ဒီအချိန်ကခဏတဖြုတ်နားကြတဲ့အချိန်ဆိုတော့။

"အချစ် မောင့်ကိုအားဆေးလေးပေးပါဦး မောင်ဒီနေ့ညလည်း ပြိုင်ပွဲရှိနေသေးတယ် ။"

"တော်တော့ ဝမ် ကျုပ်နူတ်ခမ်းတွေလဲပေါက်ပြဲနေတာ လူတွေသိကုန်တော့မယ်။"

"အချစ်ကလည်း...။"

"တစ်ခါတစ်လေလေးလေ ကျုပ်ကပဲချွဲရပါစေဦးလားဝမ်ရယ် ။"

"အချစ်က မောင်တို့လက်ထပ်ပြီးရင်မောင့်ကိုအသေချွဲတာလေ အခုရည်းစား
ဘဝလေးတော့မောင်ကချွဲပါရစေနော်။"

"မရဘူး ရှောင်ကျန့်တို့က ချွဲရမယ်ဆိုမှကျေနပ်တဲ့သူတွေ။ အဲ့တာကြောင့်
ဝမ်ကြိုက်ကြိုက် မကြိုက်ကြိုက် ကျုပ်ကပဲချွဲမှာပဲ။"

"..."

"ဘာလဲ ပါးစပ်ကဘာလို့ပိတ်သွားတာလဲ ဟွန့်! ဝမ်နော် ဘာလဲကျုပ်
ချွဲမှာကိုလက်မခံချင်ဘူးဆိုတဲ့သဘောလား။ ရတယ်လေ။"

ရှောင်ကျန့်တစ်ဖက်ကိုလှည့်သွားတော့ ဝမ်ရိပေါ်ကသူ့ကိုနောက်ကနေ
လာဖက်သည်။

"မဟုတ်ပါဘူးကွာ မောင်ကမင်းချွဲမှာလေးကို ချစ်လွန်းလို့ ကဲ ချွဲစေဗျာ
မောင့်အချစ်လေးချွဲတာ မောင်ခံပေးမယ်။"

When I wake up (Completed )Where stories live. Discover now