When I wake up
part 2
--------
ကလေးတွေက အမေနဲ့အဖေနဲ့ဘယ်သူ့ကိုချစ်လဲလို့မေးရင် များသောအား
ဖြင့်အမေလို့ပြောကြပါတယ် ဒါဆို စော်အောတို့အုပ်စုကရော ပါးပါးနဲ့ဒယ်ဒီ
မှာဘယ်သူ့ကိုပိုချစ်ပါသလဲ...။မနက်ခင်အိပ်ယာပေါ်မှာ ကလေးသုံးကောင်ရယ် ရှောင်ကျန့်နဲ့ဝမ်ရိပေါ်ရယ်
အိပ်နေကြသည် ကလေးသုံးယောက်ကသူတို့နှစ်ယောက်အလယ်မှာအိပ်နေကြသည်။"ရူး....ပါးပါးအိပ်နေတယ် ညီလေးတို့"
"ဟုကဲ့...တိုတို"
"အင်း...တိုတို"ကလေးသုံးယောက်ကအရင်နိုးလာပြီးတော့ ရှောင်ကျန့်ပါးလေးကိုတစ်ယောက်တစ်ချက်စီနမ်းကာ စောင်တောင်ခြုံပေး
လိုက်သေးသည်ပြီးတာနဲ့ဒယ်ဒီရိပေါ်ဘက်လှည့်ကာ ပြုံးပြီးရေထဲကိုဒိုင်ဗင်
ထိုးသလိုမျိုးလွှားကနဲသုံးယောက်လုံးရိပေါ် ပေါ်ကိုတက်ပြီးခုန်ကြသည်။"ဒယ်ဒီ...ထတော့!!!"
"ဒယ်တီ...ထ..ထ"
"ထ..ထ ဒယ်တီ""အား!! မျောက်လောင်းသုံးကောင် မင်းတို့တွေဆင်းကြစမ်း!!!"
"ရေး...ဒယ်ဒီ နိုးပြီ ညီလေးတို့"
ရှောင်ကျန့်နိုးလာပြီးသက်ပြင်းချလိုက်သည် ဒါမျိုးကမနက်တိုင်းပဲ ဟိုသုံးကောင်ကလည်း သူတို့ဒယ်ဒီမကြိုက်တာကိုရွေးစ...ဟိုဟာကြီးက
လည်း ပြန်စ အဲ့ကြရင်လည်းဟိုသုံးကောင်ကငို...နောက်ပြီးလာတိုင်။"အင်း...."
"တွေ့လား မင်းတို့ပါးပါးနိုးလာပြီ"
ရှောင်ကျန့်အဲ့လိုအသံလေးပေးလိုက်ရင်ငြိမ်သွားကြပြီး မျက်လုံးတစ်ဖက်ကို
အသာလေးဖွင့်လိုက်တော့ ရိပေါ်ကကလေးသုံးယောက်ကိုမျက်နှာသစ်
သွားတိုက်ဖို့အတွက်အပြင်ကိုလွှတ်လိုက်လေပြီ အာ...ဟုတ်သား
အမွှာလေးနှစ်ကောင်က 3နှစ် စော်အောက9နှစ်ရှိပြီကလေးတွေသွားပြီးတော့ ရိပေါ်ကကုတင်ပေါ်မှာပြန်အိပ်ပြီးသူ့နားတိုးပြီး
သူ့ကိုလာဖက်အိပ်သည်။"ဖယ်... "
"ကိုယ့်ယောက်ျားကိုယ်ဖက်တာပဲကွာ..."
ရိပေါ်ကအတင်းဖက်ထားတာကြောင့်ရှောင်ကျန့်မှာအသက်ရူပေါက်မရှိ
အဲ့ဒါကြောင့်ဖယ်ခိုင်းတာကို အသေများသတ်နေသလားတောင်မသိပါဘူး..။
YOU ARE READING
When I wake up (Completed )
Fanfictionငါနိုးလာတော့အရာအားလုံးကပြောင်းလဲသွားတယ် ငါနိုးလာတော့အရာအားလုံးကပြောင်းလဲသွားတယ်