When I wake up
Part 37
-----------"ကျွန်ုပ်၏မိသားစုအကြောင်း"
ညနေကျောင်းပြန်လွှတ်ခါနီးတော့ဆရာမကကျောက်သင်ပုန်းမှာစာလုံးကြီးကြီးတွေနဲ့ရေးပေးတယ် အဲ့ဒါကစာစီစာကုံးရေးခိုင်းတာပါ။
"ကဲ ကလေးတို့ရေ ကျွန်ုပ်၏မိသားစုအကြောင်းလေးရေးရအောင်နော်
ကိုယ့်ရဲ့ဖေဖေ မေမေ ဒါမှမဟုတ် ဖေဖေနဲ့ပါးပါးပေါ့ ဒါမှမဟုတ်လဲ မေမေနဲ့မားမားပေါ့ အကြောင်းတွေရယ် နောက်ပြီးညီလေးညီမလေးတွေ
အကြောင်းရယ်ချစ်ရတဲ့ ဖိုးဖိုးဖွားဖွားအကြောင်းတွေရယ် ကိုယ့်အကြောင်းရယ်ထည့်ရေးရမယ်နော် ""ဟုတ်ကဲ့"
"ဟုတ်ပြီဒါလေးကတော့အိမ်စာပါနော် အကောင်းဆုံးရေးနိုင်သူကိုဆရာမ
ကမုန့်တွေဝယ်ကျွေးပါ့မယ် ကျောင်းပိတ်ရက်မှာရေးခဲ့ကြနော်""ဟုတ်ကဲ့ပါ ဆရာမ"
"အေးအေး ပြန်ကြတော့နော် ဂရုစိုက်ပြီးလဲပြန်"
"ကျေးဇူးတင်ပါတယ် ဆရာမ!"
ကျောင်းသားတွေကပျော်ရွှင်စွာနဲ့ပြန်ထွက်လာကြပြီး စော်အောကတော့
စဉ်းစားနေလေတယ်သူ့မိသားစုအကြောင်းကိုရေးခိုင်းတယ်ဆိုတော့...။"စော်အော ပါးပါးဒီမှာ"
"အင်း!"
စော်အောကပါကျောင်းကနေထွက်လာတော့ရှောင်ကျန့်ကိုပြေးဖက်တယ်
ကားပေါ်တက်တော့ ရိကျန့်ကအရှေ့ခုံမှာထိုင်မယ်တကဲကဲလုပ်နေတယ်
စော်အောကလည်းသူ့နေရာမို့လို့ဖယ်မပေးချင် နှစ်ယောက်အတူတူထိုင်
ဆိုလည်းမဟုတ်ဘူး နောက်ဆုံးတော့လည်းရိကျန့်ကကားနောက်ခန်းမှာ
သွားထိုင်နေရတာပါပဲ အကြောင်းကတော့စော်အောကမုန့်ကျွေးလိုက်လို့ငြိမ်
သွားတာ။"စော်အော ကျောင်းမှာပျော်လားသား"
"ဗျာ..ဟုတ်ကဲ့ ပါးပါးပျော်ပါတယ်"
ကားနောက်ခန်းမှာထိုင်နေတဲ့ဝမ်ရိအာလေးကလက်လေးပိုက်ပြီးစူပုတ်ပုတ်
နဲ့ ဘေးနားကရိကျန့်ကလည်း ဝမ်ရိအာနဲ့ရန်ဖြစ်ထားတဲ့
ပုံဝမ်ရိအာကိုကျောပေးထားတယ် လှည့်လည်းမကြည့်ဘူး ခေါ်လည်းမခေါ်ဘူး ဒါကြောင့်ကျောင်းပြန်လွှတ်တုန်းကပါးပါးဘေးနားမှာထိုင်မယ်လို့ပြောခဲ့တာကို။
YOU ARE READING
When I wake up (Completed )
Fanfictionငါနိုးလာတော့အရာအားလုံးကပြောင်းလဲသွားတယ် ငါနိုးလာတော့အရာအားလုံးကပြောင်းလဲသွားတယ်