Episode_02_

141 12 2
                                    

[Unicode]"𝐒𝐩𝐫𝐢𝐧𝐠 𝐃𝐞𝐚𝐝 𝐋𝐞𝐚𝐯𝐞𝐬 - နွေဦးရွက်ကြွေ"

Episode_02_

"ကို့!"

လှမ်းဆွဲသောလက်တစ်စုံသည်ပုတ်ထုတ်ခြင်းခံလိုက်ရသည်။အမြဲတစေနူးညံ့ခဲ့သည့်မျက်ဝန်းများသည် ခပ်စိမ်းစိမ်းတိုက်စစ်ဆင်လာရင်းမှ...

"မင်းသိလားဂျွန်း...မင်းကသိပ်တော်တဲ့လူတစ်ယောက်"

ဧည့်ခန်းကျယ်ထဲသူတို့နှစ်ယောက်သာရှိနေပေမယ့်စကားသံကိုခပ်ကြိတ်ကြိတ်ပြောသည်။ အပေါ်ထပ်မှထယ်ယောင်းကြားမည်ကို ကိုကသိပ်စိုးရိမ်နေဟန်။

"ဒီလိုနေရာမှာတော့ မင်းမတော်သင့်ဘူးဂျွန်း! မင်းမတော်သင့်ဘူး!...မင်းငါ့ကိုလိမ်တာသိပ်တော်တာပဲ...ငါ့ကိုလိမ်ထားပြီးဘာမှမဖြစ်သလို!"

ဒေါသကြောင့်နီမြန်းလာသည့်ကို့ရဲ့မျက်နှာ။မျက်ဝန်းမှာလဲ ငွေ့ရည်များလွှမ်းလျက်။သူ့ကိုစိုက်ကြည့်နေသည့်မျက်ဝန်းများအား ကြောက်ရွံ့လာမိသည်။မကြာခင်မှာပဲတစ်စုံတစ်ခုကိုဆုံးရှုံးရတော့မယ့်ခံစားချက်။ ကိုကအဲ့လိုဖြစ်ချင်နေတာလား...မဟုတ်ဘူးမလား။

သူဒူးထောက်ကာထိုင်ချမိရင်း...

"ကျွန်တော်ကတောင်းပန်တာမို့...အဲ့လိုမကြည့်ပါနဲ့လား။ကျွန်တော်က ကို့ကိုချစ်လို့လေ။ကိုပင်ပန်းမှာစိုးလို့လေ။နားမလည်ဘူးလား...ကျွန်တော့်စိတ်ကိုနားမလည်ဘူးလားလို့ ကင်မ်ဆော့ဂျင်း..ဟမ်!"

သူ့ကိုအရှုံးပေးဖို့အတွက် နမ်ဂျွန်းဟာဒူးထောက်ခဲ့ခြင်းမဟုတ်သလို သူ့အပြစ်အတွက်ဒူးထောက်ခဲ့ခြင်းလဲမဟုတ်။

သူ့စိတ်ကိုနားမလည်ဘူးလားဆိုတဲ့မေးခွန်းအတွက်ဘာအဖြေမှထွက်မလာတော့တဲ့ဦးနှောက်က နှလုံးသားကိုအနိုင်ယူထားခဲ့ပြီ။

"မင်းအတ္တကြီးတယ်!"

"အကို့ကိုချစ်လို့လေ!"

နမ်ဂျွန်းရဲ့မျက်လုံးတွေမှာမျက်ရည်တွေနဲ့။သူငိုနေတာပဲ။ဘာကြောင့်လဲ။ဘာလို့လဲ။

"ငါ့ကိုယ်ငါအပြစ်ရှိသလိုခံစားရတဲ့စိတ်...ညီတစ်ယောက်လုံးအမြင်အာရုံဆုံးရှုံးသွားတာကိုမသိပဲပျော်ပျော်ရွှင်ရွှင်နေခဲ့မိတဲ့ငါက...ငါက ငါ့ကိုယ်ငါပဲပြန်သတ်လိုက်ချင်တယ်ဂျွန်း! ငါ့ကိုဘာတစ်ခုမှမပြောပဲ အမြဲတမ်းလိမ်ညာဖုံးကွယ်ထားတဲ့မင်းကိုတော့ ငါမုန်းတယ်..."

"𝐒𝐩𝐫𝐢𝐧𝐠 𝐃𝐞𝐚𝐝 𝐋𝐞𝐚𝐯𝐞𝐬 - နွေဦးရွက်ကြွေ"Where stories live. Discover now