Episode_04_

211 12 5
                                    

[Unicode]"𝐒𝐩𝐫𝐢𝐧𝐠 𝐃𝐞𝐚𝐝 𝐋𝐞𝐚𝐯𝐞𝐬 - နွေဦးရွက်ကြွေ"

Episode_04_

ချွင်!..ချွင်!...ချွင်!

အစိမ်းရောင်ခြံတံခါးရှိ လူခေါ်ဆည်းလည်းလေးကို သူသုံးခါဆွဲလိုက်သည်။ အဖြူနှင့် စိမ်းနုရောင်ဆေးခြယ်ထားသည့် တစ်ထပ်အိမ်လေးထဲမှ တလှုတ်လှုတ်ထွက်လာသည့်အဖွားအိုတစ်ယောက်။

ခြံတံခါးအနားသို့လျှောက်လာရင်း သူ့ကိုခပ်စိမ်းစိမ်းကြည့်တာမို့ အတတ်နိုင်ဆုံးမျက်နှာချိုသွေးကာ ပြုံးပြလိုက်ရသည်။ခြံတံခါးကိုဖွင့်ပြီး မျက်နှာချင်းဆိုင်မိသည်ဆိုရင်ပဲ ခါးကို 90° bowလုပ်ကာ....

"မင်္ဂလာပါဗျ...ကျွန်တော်က ခြံအမှတ် 114ဆီပြောင်းလာတဲ့ ကင်မ်ဂျွန်းဟိုနဲ့ ကင်မ်နာဘီ တို့ရဲ့သားပါ...အိမ်သစ်တက်ပွဲမလုပ်ဖြစ်တော့လို့ ဒီရပ်ကွက်ထဲဆန်မုန့်လိုက်ဝေနေတာပါဗျ...လက်ခံပေးပါဦး..."

ပြောလည်းပြော သူ့လက်ထဲကိုင်ထားသည့်ခြင်းထဲမှ ဆန်မုန့်တစ်ဘူးအား ထိုအဘွားရှေ့သို့လှမ်းပေးလိုက်သည်။

အဘွားအိုက ပြုံးလာကာ ဆန်မုန့်ဗူးကိုလက်ခံယူရင်း....

"အဖွားက ပစ္စည်းပို့တဲ့သူထင်နေတာ မျက်နှာစိမ်းနေလို့လေ...ခြံအမှတ် 144ဆိုတော့ ဟိုတလောကမှပြီးသွားတဲ့ နှစ်ထပ်အိမ်အဖြူကြီးပဲ...အေးကွယ်!..တစ်ရပ်ကွက်တည်းနေရပြီဆိုမှတော့ အဖွားတို့လဲကြိုဆိုပါတယ်...အဘွားကဒီမှာနေတာ နှစ်ပေါင်းသုံးဆယ်ကျော်ပြီ...လူတွေကတော့ရောက်လာလိုက်၊ ထွက်သွားလိုက်နဲ့..."

"ကျွန်တော်တို့ကတော့မထွက်သွားဘူးမို့ အဘွားက ကျွန်တော်အသက်ကြီးတဲ့အထိမြေးအရင်းတစ်ယောက်လို စောင့်ရှောက်ပေးပါဦး"

သူ့အပြောကြောင့်သဘောကျစွာပြုံးသည်။

"ဟုတ်ပါပြီ...အဘွားလဲ အဘွားမြေးနဲ့နှစ်ယောက်တည်းအတူနေတာ...မြေးကသားထက်ကြီးမယ်ထင်တယ်...သူကအခု အလုပ်ကပြန်မလာသေးဘူး...နောက်နေ့ကျအိမ်လာလည်နော်..."

သူ့အားအိမ်လာလည်ရန်ပင်တရင်းတနှီးဖိတ်ခေါ်နေပြီမို့ စတွေ့တွေ့ချင်းကဖြစ်ပေါ်ခဲ့တဲ့ ကသိကအောက်ခံစားချက်သည် လုံးဝကွယ်ပျောက်သွားခဲ့သည်။

"𝐒𝐩𝐫𝐢𝐧𝐠 𝐃𝐞𝐚𝐝 𝐋𝐞𝐚𝐯𝐞𝐬 - နွေဦးရွက်ကြွေ"Where stories live. Discover now