Episode_03_

138 12 6
                                    

[Unicode]"𝐒𝐩𝐫𝐢𝐧𝐠 𝐃𝐞𝐚𝐝 𝐋𝐞𝐚𝐯𝐞𝐬 - နွေဦးရွက်ကြွေ"

မင်းရဲ့မျက်လုံးတွေကသူ့ကိုမမြင်ရလဲ မင်းအပေါ်ထားတဲ့သူ့အချစ်ကို မင်းရဲ့နှလုံးသားကခံစားနိုင်ခဲ့တယ်မလား။

သူမင်းကိုငေးကြည့်နေတဲ့အခါဆိုရင်လေ သူ့မျက်လုံးတွေက ငါမြင်ဖူးသမျှထဲမှာ အတောက်ပဆုံးအချိန်ပဲ။

ဆောင်းလေကြမ်းတွေတိုက်ခတ်ပြီးတဲ့သူ့ဘဝထဲကို နွေဦးဆိုတဲ့မင်းက ပိုင်စိုးပိုင်နင်းဝင်ရောက်သွားခဲ့တာ။

သူမကြိုဆိုပဲ၊သူမဖိတ်ခေါ်ပဲ ရောက်လာတဲ့နွေဦးက သူ့အတွက်တော့ သိပ်ကိုလှပတယ်။သူမက်မောလွန်းခဲ့တယ်။ သူမေ့နေခဲ့တာဟာ "နွေ"ဆိုတဲ့ဝိသေသတစ်ခုကိုပေါ့။

ရက်စက်တဲ့အပူရှိန်နဲ့ စိမ်းစိုတဲ့အရာအားလုံးကိုခြောက်သွေ့ငြိုးနွမ်းစေတဲ့နွေ။ သူ့ဘဝထဲကအရာအားလုံးကို ခြောက်သွေ့ညှိုးနွမ်းသွားစေခဲ့တဲ့နွေ။

သူကတော့ မင်းကြောင့်ကြွေကျခဲ့ရတဲ့သစ်ရွက်လေးတစ်ရွက်။နွေဦးက ရည်ရွယ်သည်ဖြစ်စေ မရည်ရွယ်သည်ဖြစ်စေ သူ့ကြောင့်နဲ့ တော့ သစ်ရွက်လေးတွေကြွေရတယ်။

ဂျွန်ဂျောင်ဂုဆိုတဲ့သူက မင်းဆိုတဲ့နွေဦးကြောင့် ကြွေကျခဲ့ရတဲ့သစ်ရွက်လေး‌ပေါ့ထယ်ယောင်း။

____𝐒𝐩𝐫𝐢𝐧𝐠 𝐃𝐞𝐚𝐝 𝐋𝐞𝐚𝐯𝐞𝐬 - နွေဦးရွက်ကြွေ___

Episode _03_

"မေမေလေးကညနေလာကြိုမယ်နော်.."

ကားပြတင်းဘက်လှည့်ကာနေရင်းမှ ခေါင်းကိုငြိမ့်ပြမိသည်။သူငေးကြည့်နေရာ လမ်းမထက် သူ့လိုကျောင်းဝတ်စုံတွေဝတ်ထားတဲ့ ကျောင်းသား/သူတစ်ချို့ကတဖွဲဖွဲ။ တစ်ချို့ကနှစ်ယောက်တစ်တွဲ၊ သုံးယောက်တစ်တွဲ၊ တစ်ချို့ကျတော့လဲ အုပ်စုလိုက်ဖြင့်တစ်ယောက်နှင့်တစ်ယောက်စနောက်ပျော်ပါးရင်းသွားနေကြသည်။သူတို့မှာတူညီကြတာက သူငယ်ချင်းရှိတယ်။အထီးကျန်မနေဘူး။လွတ်လပ်ခြင်းဆိုတဲ့အရသာကို ကောင်းကောင်းခံစားနိုင်ကြတယ်။ဒါတွေအားလုံးက သူနဲ့ဆန့်ကျင်ဘက်အကြောင်းတရားတွေချည်းပါပဲ။

"𝐒𝐩𝐫𝐢𝐧𝐠 𝐃𝐞𝐚𝐝 𝐋𝐞𝐚𝐯𝐞𝐬 - နွေဦးရွက်ကြွေ"Where stories live. Discover now