[Unicode][Attention❗]
ကိုယ်ရေးတဲ့ဇာတ်လမ်းက အဆိပ်အတောက်စာပေဖြစ်နေမှာမျိုးကြောက်မိတယ်။ဒါပေမယ့် ဒီ Plotကိုရွေးချယ်ထားခဲ့ပြီမို့ နောက်ပြန်ဆုတ်လို့မရတော့ဘူး။ Idol Imageထိခိုက်တဲ့အရာမျိုးကိုတော့ အစောလုံးဝမလုပ်ဘူးဆိုတာယုံကြည်ပေးပါ...♡_________________________________
Episode 1...
ဖြတ်!'
"ကိုး"
'ဖြတ်!'
"တစ်ဆယ်..."
'ဖြတ်!'
တန်ဖိုးကြီးပရိဘောဂများဖြင့်အလှဆင်ထားသည့်အခန်းကျယ်ထဲ အေးစက်စွာထွက်ပေါ်နေသော တဖြတ်ဖြတ်မည်သံ။ထိုအသံသည် စင်စစ်အားဖြင့် အရာဝတ္ထုတစ်ခုအား အသားအရေပေါ်ခပ်ပြင်းပြင်းလွဲထိရာမှထွက်ပေါ်လာအသံဖြစ်သည်။
ထိုအခန်းထဲရှိ ကျောင်းဝတ်စုံနှင့်ကောင်လေးတစ်ယောက်သည် သတိအနေအထားနှင့် မတ်တပ်ရပ်နေသည်။နှုတ်မှ ကိန်းစဉ်တစ်ခုကိုရေရွတ်ချိန်တိုင်း ကိုယ်ငယ်လေးသည်နာကျင်မှုကြောင့် တုန်တက်သည်။
အနီရောင်လက်သည်းရှည်ရှည်များဖြင့် သွယ်လျလှပသည့်လက်ချောင်းရှည်ရှည်များသည်ကား ရာဘာပေတံအပျော့ကိုကိုင်ဆောင်ထားသည်။
"ဆယ့်တစ်"
'ဖြတ်!'
"ဆယ့်...နှစ်..ဟင့်!"
ကောင်လေးဆီမှရှိုက်သံထွက်လာသည်နှင့်အတူ အနီရောင်ကာလာတင်ထားသည့် နှုတ်ခမ်းတစ်စုံသည်တွန့်ကွေးစပြုသည်။
'ဖြတ်!'
"အင့်!..ဆယ့်သုံး...ဟင့်...မေ..မေလေး.."
ထွက်လာသည့်မဝံ့မရဲခေါ်သံမှာတော့ အောက်နှုတ်ခမ်းကိုခပ်တင်းတင်းကိုက်လေသည့်သူမ။အစိမ်းရောင်ရာဘာပေတံအပျော့ကိုကိုင်ထားသည့်လက်များသည်တုန်ယင်စပြုသည်။
'ဖြတ်!'
"ဆယ့်...ဆယ့်လေး..."
'ဖြတ်!'
"ဆယ့်ငါး...အင့်!..."
ယခင်ခြေသလုံးဖွေးဖွေးသည် အရှိုးရာများဖြင့်ပြည့်နှက်ကာ သွေးယောင်လွှမ်းနေသည်။မတ်တပ်ရပ်နေသောကောင်လေးသည်မှာတော့ ထိုအနေအထားအတိုင်းပင် တိတ်တဆိတ်ငိုရှိုက်နေလေသည်။
![](https://img.wattpad.com/cover/313902810-288-k73035.jpg)
YOU ARE READING
"𝐒𝐩𝐫𝐢𝐧𝐠 𝐃𝐞𝐚𝐝 𝐋𝐞𝐚𝐯𝐞𝐬 - နွေဦးရွက်ကြွေ"