Episode 1

1.7K 27 1
                                        


Unicode

"ဖိုးသာထူးရေ ဟဲ့ ထစမ်း ဖိုးသာထူး"

ခြေထောက်ကနေကိုင်ကာလှုပ်ယမ်းပြီးနှိုးတဲ့ အမေ့ကြောင့် လေးပင်နေတဲ့မျက်လုံးတွေကိုအားယူပြီးဖွင့်လိုက်တယ်

ကျိုးတိုကျဲတဲ ဓနိအမိုးတွေကြားကတိုးဝင်နေတဲ့ နေအလင်းရောင်နဲ့အတူ တဖျစ်ဖျစ်မြည်နေတဲ့ အမေ့ထမင်းအိုးအောက်က ထင်းမီးလောင်ကျွမ်းသံတွေက ဖိုးသာထူးရဲ့နေ့စဉ်မနက်ခင်းကို တန်ဆာဆင်နေကျ

"ဟဲ့ ထစမ်း ဒီကောင်လေး နေ့တိုင်းကိုနှိုးနေရတာ ကိုယ်ဘာသာကိုယ် ဝရိယလေးထားပြီးထပါလား"

ဖိုးသာထူးက အမေ့ဆူဆဲသံကြားရတာနဲ့ချက်ချင်း အလူးအလဲအိပ်ယာထရတယ်။

အိပ်ယာလို့သာဆိုတယ် မှို့တွေခဲနေတဲ့ အစိမ်းရောင်လားဘာလားမသဲကွဲတော့တဲ့ ချေးတက်နေတဲ့ခေါင်းအုံးတစ်လုံးထဲရှိတာရယ်။

ခေါင်းအုံးဘေးနားကချုပ်ရိုးနေရာကကွဲပြီး မှို့တွေကလဲအပြင်ကိုထွက်နေသေးတာမို့ ဖိုးသာထူးအိပ်ခါနီးတိုင်းအဲ့ဒိမှို့တွေကို ပြန်သွပ်သွင်းရတယ် မဟုတ်ရင်ကြာကြာသုံးရမှာမဟုတ်ဘူးလေ

ဘေးမှာအိပ်နေတဲ့ ၉နှစ်အရွယ်ညီမလေးဆို အဖေ့ပုဆိုးခေါက်လေးနဲ့ ခေါင်းအုံးရင်းအိပ်မောကျတုန်း

"ငါ့မှာမိုးလင်းတာနဲ့ ချက်ရ၊ ပြုတ်ရ နဲ့ နင့်ကိုနှိုးနေရတာအလုပ်တစ်လုပ်ဖြစ်နေတာ ဟဲ့ ငါနှိုးနေတယ်လေ အမြန်ထစမ်း နင့်အဖေဖို့အရက်တစ်ပိုင်းသွားဝယ်"

မျက်လုံးတွေကိုလက်ခုံနဲ့ပွတ်သပ်ကာ ထထိုင်ရင်းဖိုးသာထူးတစ်ယောက်ခြေဖမိုးက သဲဝဲနာလေးကိုလက်သဲနဲ့ တဖြိဖြိမြည်အောင်ကုပ်လိုက်တယ်။

တစ်ညလုံးအဲ့ဒိအနာက ယားနေလို့ကုပ်ရတာနဲ့ အိပ်ရေးပျက်ရတာ သွေးစို့နေတဲ့အဲ့ဒိအနာပိုပြဲကွဲသွားပါစေတော့ အားနဲ့ခပ်ပြင်းပြင်းကုပ်မှ အယားပြေတာရယ်

၁၂ နှစ်အရွယ် ဖိုးသာထူး ၊ ပုခုံးမှာအနည်းငယ်ပြဲနေတဲ့ အမေယူလာပေးတဲ့ လိမ္မော်ရောင်ညစ်ညစ်အင်္ကျီလေးက သူ့ရှိသမျှထဲမှာတစ်ထည်ထဲသော အကောင်းဆုံးအင်္ကျီလေး

Phoe Thar HtooDonde viven las historias. Descúbrelo ahora