Unicode
ကျွီ !
"အမလေး"ကားဘရိတ်အုပ်သံခပ်ကျယ်ကျယ်နဲ့အတူ အနီးနားက အန်တီကြီးတစ်ဦးရဲ့ အသံပါကျယ်လောင်စွာထွက်ပေါ်လာတော့ ဖိုးသာထူးလှမ်းကြည့်လိုက်တယ်။
တုံ့ခနဲရပ်သွားတဲ့အဖြူရောင်အိမ်စီးကားအကြီးကြီးတစ်စီးရဲ့ရှေ့မှာ မျက်လုံးအဝိုင်းသားနဲ့ကြောင်တောင်တောင်ရပ်နေတဲ့ ဖိုးသာထူးရဲ့ညီမလေး။
သူ့လက်ထဲက ဂုန်နီအိတ်ကိုလွှတ်ချပြီး ညီမလေးဆီအပြေးသွားလိုက်တယ် ။ မျက်လုံးလေးပဲဖော်ထားပြီး ပုဆိုးစအုပ်ထားတဲ့သူမမျက်နှာကို မမြင်ရပေမဲ့ မျက်လုံးဝိုင်းလေးက မျက်ရည်တွေလဲ့နေပြီ။
ဗြဲခနဲအော်ငိုတဲ့ညီမလေးကို ဖိုးသာထူးချော့မြှူဖို့ထက် သူမကိုကားနဲ့တိုက်မိတာလား ထိခိုက်ပွန်းပဲ့သွားလား အသဲအသန်စစ်ဆေးလိုက်တယ်။
"သား ညီမလေး ထိသွားသေးလား"
ကားဖြူကြီးပေါ်ကနေ အလောတကြီးပြေးဆင်းလာပြီး စိုးရိမ်တကြီးမေးတဲ့လူကြီးကို သူလှည့်ကြည့်လိုက်ပြီး ခေါင်းယမ်းရင်း"မထိသွားဘူး ထင်တာပဲ"
လေးထောင့်စက်စက်မျက်မှန်ကိုပင့်တင်ရင်း ဖိုးသာထူးနဲ့မိအေးလေးရှေ့ကိုယ်ကိုကိုင်းကာထိုင်လိုက်တဲ့ဦးလေးကြီးကတော့ မိအေးလေးကိုလက်မောင်းလေးကကိုင်ကာ တစ်ပတ်လှည့်ကြည့်တယ်
"တော်သေးတာပေါ့ကွယ် ဦးလေးဖြင့်လန့်သွားတာပဲ"
တရှုံ့ရှုံ့ငိုနေတဲ့ မိအေးလေးကတော့ အခုထိအငိုမတိတ်သေး"သမီးလေးအရမ်းလန့်သွားလား လူတွေကရှုပ်နေတော့ဦးလေးကလဲ သေချာမမြင်လိုက်ဘူးကွယ် မြန်မြန်ရပ်လိုက်နိုင်လို့တော်သေးတယ် မငိုနဲ့တော့နော် တိတ်တိတ်"
ဦးလေးကြီးရဲ့ မိအေးလေးကိုချော့မြှုနေပုံကိုကြည့်ပြီး ငိုချင်သလိုကြီးတောင်ဖြစ်မိတယ်။ သူတို့မောင်နှမဘဝမှာ ဘယ်တုန်းကမှဒီလို နူးနူးညံ့ညံ့ဆက်ဆံခံရတာမျိုး မရှိဖူးဘူးလေ၊ အဖေ နဲ့ အမေ့ဆီကတောင်မှပေါ့ ။
ဦးလေးကြီးကဖိုးသာထူးနဲ့မိအေးလေးကို အခုမှခြေဆုံးခေါင်းဆုံးသေသေချာချာကြည့်တယ်။ နောက်ဒူးတုပ်ထိုင်ရာကထပြီး
VOUS LISEZ
Phoe Thar Htoo
NouvellesShort Story _ 12 years old boy and his little chance to escape from his poor life ⚠️ violence, child abuse, self harm