-၃-

1.6K 161 36
                                    

Unicode

မသိဘူး crushတယ်!

" P'Vegasကိုပြောနေတာမှတ်လား? "

အတန်းချိန်တွေပြီးလို့ အဆောင်ပြန်တော့ တစ်လမ်းလုံး အဲဒီအစ်ကိုရဲ့ပုံပန်းသွင်ပြင်ကို Porscheဆီ စားမြုံ့ပြန်ဖြစ်တယ်။ ပြောလို့မရဘူး...Porscheက အဲဒီအစ်ကိုကို သိချင်သိနေနိုင်တယ်။ သူနဲ့ကျွန်တော်က ပထမနှစ်ကျောင်းသားချင်းတူပေမဲ့, မတူတာက အဲဒီကောင်က EC။ ပြီးတော့ ပါလေရာ ငါးပိချက်။ နောက်ပြီး စဆရက။ ပြီးရင် စပ်စလူးကောင်။

" ညာဘက်ပါးပေါ်မှာ စံပယ်တင်မှဲ့လေး ပါသေးတယ်လေ "

" စံပယ်တင်မှဲ့တော့မသိဘူး...စီနီယာအစ်ကိုတွေထဲ မျက်ရစ်တစ်ထပ်တည်းရှိတဲ့လူဆိုလို့ ငါ့ရဲ့P'Kinnရယ် ၊ P'Vegasရယ်ပဲရှိတာ "

" ငါ့ရဲ့P'Kinn?...ေဝါ့ "

ရင်ဘတ်ပေါ် လက်နဲ့ဖိပြီး ဝေါ့ခနဲလုပ်ပြတော့ Porscheက မျက်ခုံးပင့်ရင်း ကျွန်တော့်ကိုပြန်ကြည့်လာတယ်။

" အောင်း! ဘာဖြစ်တာလဲ အဲဒါ "

" ငါ နေ့လည်ကဂျုံစာတွေစားတာများသွားတယ်ထင်တယ် အဝေါ့ "

Porscheက မျက်စောင်းတစ်ချက်ပစ်ကျွေးတယ်။ ပြီးမှ...

" မင်းက P'Vegasနဲ့ ဘာကိစ္စရှိလို့လဲ? "

" ကိစ္စ? အာ...ဘာကိစ္စမှတော့မရှိပါဘူး "

အဲဒီလိုအမေးခံရတော့ကျ ကျွန်တော်ဘာပြန်ဖြေရမှန်းမသိတော့ဘူး။ ဖြစ်ချင်တော့ သူ့မေးခွန်းကြောင့် ခေါင်းကုတ်ခြေကုတ်ဖြစ်သွားတဲ့ကျွန်တော့်ကို Porscheဆိုတဲ့ကောင်က အရိပ်အကဲတန်းဖမ်းမိသွားတယ်။

" ကြိုက်လို့လား? "

" အင်း "

" ဘာ?! "

" ဟမ်? မဟုတ်ဘူး...မ မဟုတ်ပါဘူး။ ကြိုက်ရအောင် သူကမိန်းကလေးမှမဟုတ်တာ "

တကယ်ဆို ဒီအကြောင်းအရာကို ကျွန်တော်ကိုယ်တိုင်လဲ အခုမှအတွေးဝင်မိတာ။ P'Vegasက ကျွန်တော့်ထက်ပိုချောနေတဲ့ ကျွန်တော့်လိုယောက်ျားသားတစ်ယောက်။ ကျွန်တော် နေ့လည်တုန်းက အဲဒီအချက်ကိုလုံးဝမေ့နေခဲ့တာဖြစ်မယ်။ နေ့လည်က P'Vegasကိုမြင်မြင်ချင်း ကျွန်တော်...။

သောက်ကျိုးနည်းcrushကို စွန့်လွှတ်လိုက်ပြီ (Completed)Where stories live. Discover now