Unicode
စာအုပ်ရေ...မင်း ဘာတွေဖြစ်လာတာလဲ?
ကြာသပတေးနေ့ရဲ့ နေ့လည်ခင်းပဲ။
ထုံးစံအတိုင်း နေ့လည်နားချိန်ဆိုတော့ canteenက စားပွဲတစ်ခုမှာ အစပ်ဟင်းလေးတွေခြံရံပြီး စည်းစိမ်ရစ်နေတဲ့အချိန်။" သားရေ...ဒီမှာ နဂါးမောက်သီးဖျော်ရည် "
တစ်ဖက်က အအေးဆိုင်အဒေါ်ကြီးက အအေးခွက်လှမ်းပေးလို့ ခဏ ထ အယူ...တစ်ယောက်ယောက်က ကျွန်တော့်စားပွဲပေါ် တစ်ခုခုလာတင်သွားတယ်။ တစ်ယောက်ယောက်က ဘယ်သူမှန်းတော့မသိပေမဲ့ လိမ္မော်ရောင်လေးနဲ့တစ်ခုခုကိုတော့ ကျွန်တော်သိတယ်။ အဲဒါ လွန်ခဲ့တဲ့ခြောက်ရက်ကပျောက်သွားတဲ့ ကျွန်တော့်စာအုပ်။ ခြောက်ရက်လုံးလုံး ဘာအသံညာအသံမှ မကြားမိလို့ ပင်လယ်ထဲပါသွားပြီအထင်နဲ့ စိတ်အေးချမ်းသာဖြစ်နေခဲ့တဲ့ကျွန်တော်ဟာ အခုတော့ဖြင့် စာအုပ်ကိုကိုင်ရင်း ဆောက်တည်ရာမရ။
ဒီစာအုပ်ကို ဘယ်သူလာထားသွားတာလဲ? ဘယ်သူများလဲ? သူ ဖွင့်များဖတ်လိုက်သေးလား?
ကျွန်တော် အထိတ်ထိတ်အပြာပြာနဲ့ စာအုပ်ကို လှန်လှောကြည့်လိုက်တော့, စာမျက်နှာတစ်ချို့က ထူးခြားနေတယ်။ ကျွန်တော့်လက်ရေးစာတွေအပြင် အနက်ရောင်ဆော့ပင်နဲ့ရေးထားတဲ့ တခြားလူတစ်ယောက်ရဲ့ လက်ရေးတွေ အသစ်ဝင်နေတယ်။ ကျွန်တော့်မျက်လုံးတွေ ပြူးကျယ်သွားတယ်။
July 24th Wed
ဒီနေ့ ငါ ဘတ်စကက်ဘောကွင်းထဲ ထပ်ပြီးချော်လဲတယ်။ ဒူးခေါင်းပွန်းပြီး သွေးတွေထွက်လာတယ်။ P'Vegasကမြင်မြင်ချင်း ငါ့ကို ဘေးခုံတန်းဆီ လက်ဆွဲခေါ်သွားပြီး သူ့ရေဘူးထဲကရေနဲ့ ငါ့ဒဏ်ရာကို ဆေးပေးတော့တာပဲ။ ပြီးတော့ ဒဏ်ရာကို ပလာစတာမကပ်ခင် ဒဏ်ရာပေါ်ကရေတွေကို သူ့ရဲ့ကိုယ်ပိုင်လက်ကိုင်ပုဝါနဲ့ သုတ်ပေးသေးတယ်။ ငါ အရမ်းပျော်သွားတာ။ P'Vegasက အရမ်းဂရုစိုက်ပေးတတ်တာပဲ။ အဲဒီတုန်းက အဲဒီသုတ်ပြီးသားလက်ကိုင်ပုဝါကို P'Vegas ပြန်သိမ်းသွားမှာစိုးလို့ ငါ အတင်းဆွဲပြီး ယူထားလိုက်တယ်။ အစကတော့ လျှော်ပြီးပြန်ပေးမလို့ပဲ။ လက်ကိုင်ပုဝါထောင့်စွန်းနားလေးက V's ဆိုတဲ့ စာလုံးသေးသေးလေးကိုမြင်တော့...ငါ ပြန်ပေးဖို့ကို မေ့ချင်ယောင်ဆောင်ပြီး အပိုင်ယူထားလိုက်တယ် ဟီးဟီး။
BINABASA MO ANG
သောက်ကျိုးနည်းcrushကို စွန့်လွှတ်လိုက်ပြီ (Completed)