Unicode
လိပ်ပြာလေး ကလူကလူ (အပိုင်း ၁)
တကယ်တော့ ဟိုရက်က ကျွန်တော် ကံတရားကို နည်းနည်းအထင်လွဲမိသွားတာဗျ။ တကယ်တမ်းကျ ကံတရားက ချစ်စရာလေးရယ်။
နေ့လည်ကတင် P'Vegasက ကျွန်တော့်ကို အရင် စ ပြီး စကားပြောလာတယ်လေ။ ကျွန်တော့်ကို 'ညီလေးPete' တဲ့။ ညီလေးPeteတဲ့!! ကျွန်တော့်နာမည်ကို သူ ကြိုသိနေတာ။ ဘယ်တုန်းထဲကများလဲ? ဘယ်တုန်းထဲက သိနေတာလဲ? ကျွန်တော် ပြန်မေးလိုက်ချင်တာ။ ဒါပေမဲ့ P'Vegasမျက်နှာကို အမိအရငမ်း (အဲ) အမိအရငေးနေရလို့ ပါးစပ်က 'ဟုတ်' တစ်လုံးကလွဲရင် ကျန်တဲ့စကားလုံးတွေက တို့ဆေးမိထားသလို ဘာဆိုဘာမှထွက်မလာဘူး။
တကယ်တော့ P'Vegasပြောသွားတာက ' ညီလေးPete...အဲဒီဘက်က အဆောင်သစ်နော်။ စာသင်ခန်းတွေ ပြင်ဆင်မထားဘူး ' ဆိုတာလေးပဲ။ နေ့လည်စာစားပြီးပြီးချင်း အချိန်လေးပိုနေသေးတာနဲ့ ဗိုက်ချောင်အောင် ကေျာင်းဝန်းထဲ ဟိုဟိုဒီဒီခြေဆန့်နေတဲ့ကျွန်တော့်ကို အဆောင်သစ်ဆီ ရောက်မသွားခင် P'Vegas လှမ်းအော်ပြောလာတဲ့စကား။ သူထိုင်နေတဲ့အုတ်ခုံက သစ်ပင်နဲ့ကွယ်နေတော့ ကျွန်တော် ကြိုမမြင်လိုက်မိဘူး။ အသံကြားလို့ လှမ်းကြည့်မိတော့ P'Vegasက မျက်လုံးကျဥ်းတွေပိတ်လုနီးနီးဖြစ်သွားတဲ့အထိ ကျွန်တော့်ကိုလှမ်းပြုံးပြတယ်။
ခြေလှမ်းတွေ တုန့်ခနဲရပ်ကုန်ပြီး ကျွန်တော် စက္ကန့်ဝက်လောက်ကိုးရို့ကားယားကြီးမတ်တပ်ရပ်နေမိသေးတယ်။ ပြီးမှ...
" ဟုတ် ဟုတ် "
ကျွန်တော် နေရာကနေ ချာခနဲလှည့်ထွက်လာလိုက်တယ်။ ဆို့တက်လာတဲ့ အပျော်လုံးတွေက ဖွင့်ထုတ်ဖို့အခွင့်မသာသေးတော့ လူတစ်ကိုယ်လုံးတောင့်တင်းနေလိုက်တာများ စက်ရုပ်ကြီးလမ်းလျှောက်နေသလိုလို။ အတန်းထဲရောက်ရောက်ချင်း Porscheကိုပြောပြလိုက်တော့မှ လူက မသိမသာလေးနေသာထိုင်သာရှိသွားတယ်။ ဒါပေမဲ့ အပျော်တွေကလျော့သွားသလားဆိုတော့ မဟုတ်ဘူး။ ပလုံစီနေတဲ့ ရောက်တတ်ရာရာအတွေးတွေကြောင့် အပျော်တွေက ပိုလို့တောင်တိုးလာသေးတယ်။
YOU ARE READING
သောက်ကျိုးနည်းcrushကို စွန့်လွှတ်လိုက်ပြီ (Completed)