BOY

337 21 6
                                    

"Hyung ချစ်တယ်"

"ဘာ ဘာပြောလိုက်တယ် ငါနားကြားမှားတာလား ကင်မ်ဒိုယောင်း" ဒီကလေးက 18နှစ်ဘဲ ရှိသေးတယ် သစ်ရွက်လှုပ်တိုင်းရင်ခုန်နေတဲ့ အရွယ်မှာ ကိုယ့်လို အမျိုးသားတစ်ယောက်ကို ချစ်တယ်ဆိုတာဖြစ်သင့်ပါရဲ့လား။
" တကယ်ပြောတာ Hyung နားကြားလဲမမှားပါဘူး ဒီက ကင်ဒိုယောင်းက ချွဲဟျွန်းဆော့ဆိုတဲ့ Hyung ကိုချစ်နေတာပါလို့"
မယုံနိုင်မှန်း သိပေမယ့်ယုံအောင်လုပ်မှာမို့ နောက်ဆိုHyung အနားကနေ ဘယ်မှခွာမှာမဟုတ်ဘူး။

" တော်ပြီ တော်ပြီ ငါကျောင်းအရင်သွားနှင့်မယ် မင်းဘာသာမင်းနေခဲ့တော့ " ဟျွန်းဆော့ ကိုယ်တော်ချောအနားကနေအမြန်ဘဲထွက်လာခဲ့ရတော့သည်။ ဒီကောင်လေးက သူနဲ့အိမ်နီးချင်းကောင်လေးလေ ငယ်ငယ်ထဲက ကြည့်ခဲ့ရတာမို့ အတော်လေးသံယောဇဥ် တွယ်ရပေမယ့် ဒီလိုတော့ လက်မခံနိုင်ပါ။

"ဆရာဟျွန်းဆော့ ကျွန်တော်ကူသယ်ပေးမယ်"
အသံတစ်ခုကြောင့်အတွေးထဲက ရုန်းထွက်မိသည်။အတန်းထဲမှာခပ်နောက်နောက်လုပ်တတ်တဲ့ Park Jeongwooဘဲ။

"ရတယ် အဝူး ဆရာကိုယ့်ဘာသာဘဲသယ်ပါ့မယ်"

"ဟာဆရာကလဲ ဆရာ့ခန္တာကိုယ် ပိစိလေး ကျိုးသွားမှဖြင့် အကိုဒိုယောင်း ရင်နာနေရပါအုံးမယ် ကျွန်တော်ဘဲသယ်ပေးပါ့မယ်" ကျွန်တော်တော့အရောက်ပို့နေပြီ Hyungရေ။

သူပြောချင်ရာပြောပြီး လက်ထဲကစာအုပ်တွေယူကာထွက်သွားတဲ့အဝူးကြောင့် ဟျွန်းဆော့ကြောင်အသွားရပြန်ပြီ။ဒီနေ့ဒီကောင်တွေဘာဖြစ်နေကြပါလိမ့်။

"ဆရာ ဒိုယောင်း မပါဘူးလား " လာပြန်ပြီနောက်တစ်ယောက်။
"အေး မပါဘူး "

"ဆရာကလဲ ဒီကJunkyu လေးကို အဲ့လိုမအော်ပါနဲ့ Pagi နဲ့တိုင်မယ် "

"ဟ ငါပြောတာ ဘယ်နားအော်တာ ပါလို့လဲ"

" လေသံမာမာနဲ့မပြောနဲ့ တိုးတိုးလေးပြော မသိဘူးမသိဘူး pagiနဲ့တိုင်မယ် ဆရာ့ကို"

ဟော ငါကဘာလုပ်လို့ တိုင်ခံရအုံးမှာလဲ။pagi ဆိုတာတခြားတော့မဟုတ် ။ငယ်ထဲက လည်ပင်းဖက်ပေါင်းလာတဲ့ Park Jihoon ကို ပြောခြင်းသာ။ဒီကောင်လေး Junkyu က အဲ့ကောင်နဲ့ တွဲနေတာဆိုတော့ အိမ်းးး ချွဲဟျွန်းဆော့ရေ ဟိုကဗလနဲ့ညစ်သတ်ရင်ခံပေတော့ဘဲ။

Dosuk One Shots~~Where stories live. Discover now