ရွက်ဖျင်တဲမှာတော့ ဒိုယောင်းက ဟျွန်းဆော့ကို သူနဲ့ အတူနေရအောင် မနည်းခေါ်လာရသည်။
"တစ်ရက်ဘဲရှိသေးပေမယ့် ဟန်နီးမွန်း ထွက်လာရသလိုဘဲ"
"ငါမင်းကိုယူမယ် မပြောဘူး"
ဟျွန်းဆော့ အပြောကြောင့်် နှလုံးသားတစ်နေရာကဆစ်ကနဲတော့ဖြစ်သွားမိသည်။
"ခုတော့ ကိုယ်တစ်ယောက်ထဲ အပိုင်ပေါ့"
"အနားရှိနေတုန်းတော့ ကောင်းပေးပေါ့"
"တကယ်ဘဲ မင်းကဘယ်လိုကောင်လေးလဲ ချွဲဟျွန်းဆော့"
"ငါဘယ်လို ကောင်လဲဆိုတာမသိဘဲ ချစ်ပြီးတွဲတာတော့ မဟုတ်သေးဘူးထင်တယ် ကင်ဒိုယောင်းရှီး"
"မင်းကို သေတဲ့အထိပိုင်ဆိုင်ချင်တယ်"
"ငါသေမှဖြစ်နိုင်လိမ့်မယ်"
"왜 "
"မသိချင်စမ်းပါနဲ့ ခုချိန်မှာတော့ ငါလဲ မင်းကိုချစ်တယ်ထင်တယ်"
"အင့်"
ဒိုယောင်း ဟျွန်းဆော့ကို ဆွဲဖက်မိသည်။ ဒီကောင်လေးက ဘယ်လိုကောင်လေးမှန်းမသိပေမယ့် ထွေးပွေ့ထားချင်မိသည်။ချစ်တယ်ထင်တယ် ဆိုတာ မသေချာသောအရာပေမယ့်လို့ ဒီလိုလေး ကြားရတာနဲ့တင် လုံလောက်ပါပြီ။ကိုယ်မင်းအနားမှာအမြဲရှိနေပါ့မယ်။***
Excursion သုံးရက်ဟာ ပျော် စရာကောင်းသည်လို့ ပြောရမလား ချစ်တဲ့သူနဲ့အတူနေခဲ့ရတာဆိုတော့ ကြည်နူးရသည်ပေါ့။အပြန်လမ်းမှာ ချစ်ရသုနဲ့ လက်တစ်စုံကို အုပ်ကိုင်ထားရသည်မှာလဲ ဘာနဲ့မှလဲမရတဲ့အခိုက်အတန့်လေးပေါ့။ဒိုယောင်းတို့က အကျင့်တွေပျက်တော့မှာဘဲ။"အိမ်ကို ဂရုစိုက်ပြန်နော် ကိုယ့်ချွဲ"
"ငါကလေး မဟုတ်ပါဘူး "
"ကိုယ့်မျက်လုံးထဲမှာတော့ အိမ်ပျောက်နေတဲ့ကြောင်ပေါက်လေးဘဲ"
ဆိုလိုချင်တာကတော့ နွေးထွေးမှုတွေပျောက်ဆုံးနေတဲ့ ကောင်လေးပေါ့။-----------------
ခွပ်
"မင်းဘာတွေ လုပ်နေတာလဲ ချွဲဟျွန်းဆော့ ဒီပုံထဲကကောင်ကကော ဘယ်ကလဲ ငါမင်းကိုကျွေးမွေးထားတာ ဒီလိုတွေ ရူးနေဖို့မဟုတ်ဘူး"